Sport
ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာနိုင်ငံက ဆု၁၃ဆု ရရှိထား
![ဆီးဂိမ်းပြိုင်ပွဲတွင် နိုင်ငံအလိုက် ဆုရရှိမှု ထုတ်ပြန်သောဇယားအားတွေ့ရစဉ်(ဓာတ်ပုံ-Sea game)](https://xinhuamyanmar.com/wp-content/uploads/2017/08/images_mm_2017_08_23l1.jpg)
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံတွင်ကျင်းပလျက်ရှိသော (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် သြဂုတ်လ ၂၃ရက်ထိ ရလဒ်များအရ မြန်မာနိုင်ငံသည် ရွှေ ၄ဆု၊ ငွေ၄ဆုနှင့် ကြေး၅စုစုပေါင်း ဆု ၁၃ဆု ရရှိပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံက ခြင်းလုံးအားကစား၊ ဝူရှူးအားကစား၊ချန်းစု လှံရှည်အားကစားနှင့် ပိုက်ကျော်ခြင်းစသည့်တို့၌ ဆုတံဆိပ်များ ရရှိထားသည်။ (Xinhua)
Continue Reading