Connect with us

Sport

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း က ဖိလစ်ပိုင်အမျိုးသမီးအသင်းအား ၆ ဂိုး – ဂိုးမရှိဖြင့် အနိုင်ရ

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ ယှဉ်ပြိုင်ကစားဟန်အားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

၂၉ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် အမျိုးသမီးဘောလုံးပြိုင်ပွဲ တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း က ဖိလစ်ပိုင်အမျိုးသမီးအသင်းအား ၆ ဂိုး – ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ယနေ့ မလေးရှားစံတော်ချိန် ၄နာရီ၊ မြန်မာစံတော်ချိန် ၂နာရီ ၃၀မိနစ် အချိန်၊ UM ARENA တွင် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။ ခင်မိုးဝေ၊ ဝင်းသိဂီ ၤထွန်း၊ ရီရီဦး၊ နော်အာလိုဝါဖောတို့မှ အနိုင်ဂိုးများသွင်းယူခဲ့ကြခြင်းဖြစ်သည်။

အုပ်စုပွဲစဉ်များမပြီးသေးသော်လည်း မြန်မာအမျိုးသမီးအသင်းသည်ကစားရန်ပွဲကုန်ပြီဖြစ်ပြီး ရမှတ် ၆ မှတ်ဖြင့် ကြေးတံဆိပ်ရရန် သေချာသလောက်ရှိနေပြီဖြစ်သည်။

မလေးရှားနိုင်ငံမှ လာရောက်အားပေးမည့် ဘောလုံးပရိသတ်များအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ လက်မှတ်စောင်ရေ ၂၀၀ ဝယ်ယူထားပြီး အခမဲ့ ဝင်ရောက်ကြည့်ရှုခွင့်ရရန် စီစဉ်ပေးထားခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.