Connect with us

Sport

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် မြန်မာ့ လက်ရွေးစင်လှေလှော်အသင်းများ လေ့ကျင့်ပြင်ဆင်

မြန်မာ့ လက်ရွေးစင်လှေလှော်အသင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် မြန်မာ့ လက်ရွေးစင်လှေလှော်အသင်းများ လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲကြီးတွင် လှေလှော်ကစားနည်း များအနက် အနောက်တိုင်း လှေပြိုင်ပွဲနှင့် ရိုးရာလှေလှော်ပြိုင်ပွဲများကို ထည့် သွင်းကျင်း ပသွားမည်ဖြစ်ကြောင်း သိရသည်။

အနောက်တိုင်းလှေပြိုင် ပွဲကို မီတာ ၁၀၀၀ ပြိုင်ပွဲအဖြစ် ကျင်းပ မည်ဖြစ်ပြီး တစ်ယောက်ချင်းလှော်၊ ကိုယ်အလေး ချိန်ပေါ့ တစ်ယောက်လှော်၊ ကိုယ်အလေးချိန်ပေါ့ နှစ်ယောက်လှော်၊ လေးတက် လှော်နှင့် ပဲ့ကိုင်ပါ ရှစ်တက်လှော် စသည့် ပြိုင်ပွဲ အမျိုးအစား ငါးမျိုး ပါဝင်မည်ဖြစ်သည်။ ယင်းငါးမျိုးကို အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲခွဲ၍ ပြိုင်ရမည်ဖြစ်ရာ ပြိုင်ပွဲအမျိုးအစား ၁၀ မျိုးရှိ မည်ဖြစ်သည်။

မြန်မာတက္ကသိုလ်အနောက်တိုင်းလှေ လက်ရွေးစင် အသင်းသည် အမျိုးသားကစားသမား ၁၂ ဦး၊ အမျိုးသမီး ကစားသမား ၁၂ ဦးတို့ဖြင့် ငလိုက်ဆည်၌ နည်းပြချုပ် ဦးကျော်ဝင်း ဦးဆောင်သော နည်းပြ အဖွဲ့နှင့် အပြင်းအထန်လေ့ကျင့်လျက်ရှိကြသည်။

မြန်မာတက္ကသိုလ် ရိုးရာလှေ လက်ရွေးစင်အသင်းများသည်လည်း အမျိုးသားကစားသမား ၁၄ ဦး၊ အမျိုးသမီးကစားသမား ၁၄ ဦးတို့ဖြင့် နည်းပြချုပ် ဦးဝင်းဖေ ဦးဆောင်သော နည်းပြအဖွဲ့က ငလိုက် ဆည်၌ပင် အပြင်း အထန် လေ့ကျင့်ပေးလျက်ရှိသည်။

ရိုးရာလှေလှော်ပြိုင်ပွဲများတွင် မီတာ ၅၀၀ နှင့် မီတာ ၁၀၀၀ ပြိုင်ပွဲနှစ်မျိုးကို အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီး ပြိုင်ပွဲနှင့် အမျိုးသား အမျိုးသမီး အရောပြိုင်ပွဲဟု သုံးမျိုးစီယှဉ်ပြိုင်ရမည်ဖြစ်ရာ ပြိုင်ပွဲခြောက်မျိုး ပါဝင်မည်ဖြစ်သည်။

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ လှေပြိုင်ပွဲ နှစ်မျိုးစလုံးကို ဒီဇင်ဘာ ၁၃ ရက်မှ ၁၆ ရက်အထိ နေပြည်တော်ရှိ ငလိုက်ဆည်၌ ကျင်းပသွားမည်ဖြစ်သည်။

ယခုလှေပြိုင်ပွဲများအနက် အနောက်တိုင်း လှေလှော် ပြိုင်ပွဲ၌ အိမ်ရှင်မြန်မာနှင့်အတူ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှ တက္ကသိုလ်အသင်းများပါဝင် ယှဉ်ပြိုင်ကြ မည်ဖြစ်ပြီး ရိုးရာလှေပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအပါအဝင် ထိုင်း၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့မှ တက္ကသိုလ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနသည် ယခု လှေပြိုင်ပွဲများ၌ မြန်မာကစားသမားများ ရွှေတံဆိပ်ဆု ရရှိခဲ့ပါက ဆုကြေးအဖြစ် ကျပ်သိန်း ၅၀၊ ငွေတံဆိပ်ဆု ရရှိခဲ့ပါက ကျပ်သိန်း ၃၀၊ ကြေးတံဆိပ်ဆုရရှိပါက ကျပ်သိန်း ၂၀ ချီးမြှင့်ရန် စီစဉ်ထားကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ကလည်း ထပ်ဆင့်ဆုကြေး အဖြစ် ရွှေတံဆိပ်ဆုအား ကျပ်သိန်း ၃၀၊ ငွေတံဆိပ်ဆုအား ကျပ်သိန်း ၂၀၊ ကြေးတံဆိပ်ဆုအား ကျပ် ၁၀ သိန်းချီးမြှင့် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.