Connect with us

Sport

ရာမာန်က ထိုင်းမွေထိုင်းချန်ပီယံကို ပထမအချီတွင် အလဲထိုးအနိုင်ရ

ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် ကျင်းပခဲ့သည့် TGL ( The Great Lethwei)ပြိုင်ပွဲမြင်ကွင်းများ (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဖြစ်သော TGL ( The Great Lethwei ) ပြိုင်ပွဲ ခေါင်တွဲဆိုင်းတွင် ပထမတန်းလက်ဝှေ့ကျော် ရာမာန်က ထိုင်းမွေထိုင်းချန်ပီယံကို ပထမအချီတွင် ဒိုင်ပွဲရပ်ဖြင့် အလဲထိုး အနိုင်ရရှိခဲ့သည်။လေးကြိမ်မြောက်ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ TGL ( The Great Lethwei ) ကို ဇွန်လ ၂၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းပြိုင်ပွဲကို တွဲဆိုင်း ၁၀ ခုဖြင့် ကျင်းပခဲ့ပြီး ဒုတွဲဆိုင်းအဖြစ် မြန်မာ့လက်ဝှေ့ကျော် ထွန်းထွန်းမင်း၏ ညီ ထွန်းမင်းအောင် က ပြိုင်ဘက်ကစားသမား အောင်ခိုင်ကို အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ (Xinhua)