Connect with us

Sport

ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကျင်းပ

ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ဇွန်လ ၁၈ ရက်တွင် ကျင်းပခဲ့သည့် ဗိုလ်လုပွဲ ပွဲစဉ် မြင်ကွင်းများ(ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ဇွန်လ ၁၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ သိမ်ဖြူ လက်ဝှေ့အားကစားရုံ၌ ကျင်းပခဲ့သည်။

ဗိုလ်လုပွဲစဉ် တွင် ၅၇ ကီလိုတန်း ၊ ၆၀ ကီလိုတန်း ၊ ၆၃.၅ ကီလိုတန်း နှင့် ၆၇ ကီလိုတန်း အဖြစ် တွဲဆိုင်း လေးဆိုင်းဖြင့် ကျင်းပခဲ့သလို စိန်ခေါ်ပွဲ တွဲဆိုင်း ၂ ခုလည်းထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)