Connect with us

News

တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခြေခံ၍ ဟွန်ဒူးရပ်စ်အပါအဝင် နိုင်ငံအသီးသီးနှင့်ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်အောင် ဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းအား ၂၀၂၃ ခုနှစ် မတ် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ဟွန်ဒူးရပ်စ်သမ္မတ Xiomara Castroက တရုတ်နိုင်ငံနှင့် တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်လိုကြောင်း ပြောကြားခဲ့သည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက မတ် ၁၅ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်တစ်နိုင်ငံတည်းမူကို အခြေခံ၍ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်ထားသော ကမ္ဘာ့နိုင်ငံပေါင်း ၁၈၁ နိုင်ငံအနေဖြင့် ထိုသို့သံတမန်ဆက်ဆံရေးထူထောင်ခြင်းက သမိုင်းဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ ခေတ်ကာလတိုးတက်မှု ဒီရေလှိုင်းနှင့် ကိုက်ညီသော မှန်ကန်သည့်ရွေးချယ်မှု ဖြစ်သည်ကို အပြည့်အဝသက်သေပြခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူတွင် အခြေခံ၍ ဟွန်ဒူးရပ်စ်အပါအဝင် နိုင်ငံအသီးသီးနှင့် ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်အောင် ဆောင်ရွက်သွားလိုကြောင်း ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။ (Xinhua)

—————————-
外交部发言人:中方愿在一个中国原则基础上同包括洪都拉斯在内的各国发展友好合作关系
新华社北京3月15日电(记者马卓言)就洪都拉斯总统卡斯特罗表示愿意与中国正式建交,外交部发言人汪文斌15日在例行记者会上应询说,中方欢迎洪方有关表态。
汪文斌说,世界上181个国家在一个中国原则基础上同中国建交的事实充分证明,同中国建交是顺应历史发展大势和时代进步潮流的正确选择。中方愿在一个中国原则基础上同包括洪都拉斯在内的世界各国发展友好合作关系。(完)