လာဆာ ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ)
မက်ဒရစ်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ တောင်ပိုင်းမှ အမည်မသိလူတစ်ဦးသည် West Nile ဗိုင်းရပ်စ်ကြောင့် ဦးနှောက်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသခဲ့ရကြောင်း ဒေသခံကျန်းမာရေးအာဏာပိုင်များက ဩဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ဆိုးလ်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နျူကလီးယားဆိုင်ရာ အထူးသံတမန်သည် တောင်ကိုရီးယားနိုင်ငံ တာဝန်ရှိသူနှင့် ကိုရီးယားကျွန်းနျူးကလီးယားအရေးဆွေးနွေးရန် ဩဂုတ် ၂၁ ရက်၌ တောင်ကိုရီးယားနိုင်ငံသို့ လာရောက်လည်ပတ်မည် ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ကွာလာလမ်ပူ၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) မလေးရှား နိုင်ငံအနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရာတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် တရုတ်နိုင်ငံCanSino Biologics ကုမ္ပဏီ မှ ထုတ်လုပ်သော တစ်ကြိမ်သာ ထိုးနှံရန်လိုအပ်သည့် COVID-19 ကာကွယ်ဆေး ပထမအသုတ်ကို ယနေ့ ဩဂုတ် ၂၀ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဒတ်ကာ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) ပြီးခဲ့သည့်ရက်က တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများလိုက်ပါသည့်ရေယာဉ်တစ်စီးကို မော်ရီတေးနီးယားပင်လယ်ပြင်တွင် ယင်းနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့က တွေ့ရှိခဲ့ရာ ရေယာဉ်ပေါ်ရှိ လူ (၄၇)ဦး သေဆုံးနေကြောင်း ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း(IOM)နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)တို့က ဩဂုတ် ၁၉ ရက် မော်ရီတေးနီးယားနိုင်ငံမြို့တော်နာရာချော့က်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရင်ချွန်း ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) ယခုကျင်းပနေသည့် ပဥ္စမအကြိမ် တရုတ်-အာရပ် နိုင်ငံများ ကုန်စည်ပြပွဲ ညီလာခံတစ်ခု၌ ယွမ် လေးဘီလီယံနီးပါး(အမေရိကန်ဒေါ်လာ ၆၂၀ သန်းခန့်) တန်ဖိုးရှိ စုစုပေါင်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း စုစုပေါင်း ၁၃ ခုအား ဩဂုတ် ၁၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း...
ဝါရှင်တန်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က ၎င်းတို့ အစိုးရသည် နိုင်ငံအတွင်း ကူးစက်မြန် ဒယ်လ်တာ ဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် COVID-19 တစ်ကျော့ပြန်ဖြစ်ပွားလာသည့်ကြား နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ကာကွယ်ဆေးထိုးနှံမှုနှင့် တတိယမြောက်ကာကွယ်ဆေးထိုးနှံမှု (booster shots) ဆိုင်ရာ ဆောင်ရွက်ချက်အသစ်များ...
ဝါရှင်တန် ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကက်ပီတိုလွှတ်တော်အဆောက်အဦအနီး ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်ခဲ့သော သံသယရှိသူတစ်ဦးသည် အာဏာပိုင်များထံ အေးအေးချမ်းချမ်း လက်မြောက်အဖမ်းခံခဲ့ကြောင်း နှင့် ၎င်းအား ဖမ်းဆီးပြီးနောက် ရဲအချုပ်ခန်းသို့ပို့ဆောင်ထားကြောင်း အမေရိကန်ကက်ပီတိုလွှတ်တော်ရဲတပ်ဖွဲ့(USCP)က ပြောကြားခဲ့သည်။
ဟေတီ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ဟေတီနိုင်ငံ အနောက်တောင်ပိုင်း၌ သြဂုတ် ၁၄ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၂,၁၈၉ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကာရေဘီယံကျွန်း၏ မြို့ပြကာကွယ်ရေးအေဂျင်စီ က သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတွင် နေ့စဉ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာဦးရေသည် ဩဂုတ် ၁၈ ရက်တွင် ထပ်မံ စံချိန်သစ်တင် မြင့်တက်လာခဲ့သည်။ တစ်နိုင်ငံလုံးရှိမြို့၊ခရိုင်စီရင်စု (၄၇)ခုအနက် တစ်ဝက်ကျော်၌ ကိုဗစ်ထပ်တိုးလူနာအရေအတွက်သည် စံချိန်ချိုးမြင့်တက်လျက်ရှိကြောင်း သိရသည်။