Connect with us

Social

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်တွင် သက်ကြီးရွယ်အိုဘိုးဘွား (၂၃၀,၂၄၉)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း ကျပ် ၆၉၀၀သန်းကျော် ထောက်ပံ့ပေးပြီး ဖြစ်ကြောင်းဆို

သက်ကြီးရွယ်အိုအဖွားတစ်ဦးအားထောက်ပံ့ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ--လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

၂၀၁၉-၂၀၂၀  ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်(ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)တွင် သက်ကြီးရွယ်အိုဘိုးဘွား (၂၃၀,၂၄၉)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း ကျပ်(၆,၉၀၇ ဒဿမ ၄၇၀)သန်း  ထောက်ပံ့ပေးပြီး ဖြစ်ကြောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး က ဆင်ဟွာသို့ အောက်တိုဘာ ၂ ရက်တွင်ပြောသည်။

“အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ က အောက်တိုဘာ ၁ ရက်နေ့ဆိုတော့ နှစ်စဉ်နှစ်တိုင်း အဲဒီနေ့မှာ အသက်အကြီးဆုံးဘိုးဘွားတွေကို ထောက်ပံ့ခဲ့တယ်။ အဲ့ဒါက နှစ်တော်တော်ကြာပါပြီ။ လုပ်လာခဲ့တာ။  နောက်ပိုင်းကြတော့ အသက်အကြီးဆုံးဘိုးဘွားတွေအပြင် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူမှုကာကွယ်ရေးအစီအစဉ် ဆိုပြီး ၂၀၁၅-၂၀၁၆ ကစပြီး အသက် ၁၀၀ အထက် ကို ၁ နှစ်လုံး ကို တစ်ကြိမ်ထောက်ပံ့တာလုပ်လာခဲ့တယ်။ ၂၀၁၆ ခုနှစ် မှာကြတော့ အသက် ၉၀ အထက်ဘိုးဘွားတွေကို တစ်နှစ်လုံး ကို ၁ကြိမ် ထောက်ပံ့တာတွေ လုပ်ခဲ့တယ်။ ပြန်ကြည့်ရင် ၂၀၁၄ ခုနှစ်နောက်ပိုင်းကစပြီး ကျွန်မတို့ဝန်ကြီးဌာန အနေနဲ့  ဘိုးဘွားတွေ ကိုနှစ်တိုင်း တိုးချဲ့ထောက်ပံ့ခဲ့ပါတယ်။ ဘိုးဘွားများကို ထောက်ပံ့တဲ့ အစီအစဉ်များကိုနှစ်စဉ်တိုးချဲ့ ဆောင်ရွက်သွားဖို့ရှိပါတယ်။’’ ဟု ၎င်းက ရှင်းပြသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တစ်နှစ်တစ်ကြိမ်သာပေးသော ထောက်ပံ့ကြေးများအစား လူမှုရေးပင်စင်ဟူ၍ အသက် ၉၀ အထက် များအား တစ်လလျှင် ကျပ် ၁၀,၀၀၀ နှုန်းနှင့် မြန်မာတစ်နိုင်ငံလုံးမှာ ရှိသောဘိုးဘွားများအား သုံးလလျှင် ၃၀,၀၀၀ ကျပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် ထောက်ပံ့သောနှုန်းထား မတိုးသော်လည်း အသက်လျှော့ချလိုက်ကြောင်း၊ အသက် ၈၅နှစ် အထက်ဘိုးဘွားများအား တစ်လျှင် ငွေကျပ် ၁၀,၀၀၀ နှုန်းနှင့် သုံးလ ၁ ကြိမ် ၃၀,၀၀၀ ထောက်ပံ့ခဲ့ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်လည်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား တစ်ဦးလျှင် တစ်လ ကျပ် ၁၀,၀၀၀ နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ်တွင် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ  သက်ကြီးရွယ်အိုများအား အသက်(၈၀)နှစ်ပြည့်ပြီး အသက်(၈၅)နှစ် မပြည့်သေးသော သက်ကြီးရွယ်အိုများအား တစ်ဦးလျှင် ကျပ်(၃၀,၀၀၀) နှုန်းဖြင့် စာရင်းကောက်ယူရရှိထားသည့် ဘိုးဘွားဦးရေ (၂၉၂,၇၀၂)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း ကျပ်(၈,၇၈၁.၀၆၀)သန်းအား ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.