Connect with us

Politics

တရုတ်သမ္မတရှီကျင့်ဖိန် နှင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပေကျင်းမြို့ရှိ မဟာပြည်သူ့ခန်းမ၌ ဧပြီ ၁ဝ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် သမ္မတရှီက တရုတ် နှင့် မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုမှာ ကာလရှည်ကြာစွာ တည်ရှိခဲ့ပြီး လက်ရှိတွင် နှစ်နိုင်ငံဆက်ဆံရေးသည် ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း ၊ နယ်ပယ်ကဏ္ဍစုံတွင် နှစ်ဖက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု နှင့် ဖလှယ်မှုများ တိုးချဲ့ခဲ့ကြောင်း နှင့် ပိုးလမ်းမကြီးပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုအသစ်ရှိကြောင်း ပြောကြားခဲ့သည်။

ရှီက တရုတ်-မြန်မာ ဆက်ဆံရေးများတွင် တရုတ်နိုင်ငံက အလွန်အရေးပါသောနေရာတွင်ရှိကြောင်း ၊ နိုင်ငံတကာအခြေအနေများမည်သို့ပင်ပြောင်းလဲစေကာမူ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ မဟာဗျူဟာမြောက်ချိတ်ဆက်ဆောာင်ရွက်မှုကို အစဉ်တိုးမြှင့်ဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း ၊ နှစ်ဖက်အပြန်အလှန်အကျိုးစီးပွားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာရှိကြောင်း နှင့် တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးသည် အစဉ်တိုးတက်ကောင်းမွန်လျက်ရှိကြောင်း ၊ သို့ဖြစ်ပါ၍ နှစ်ဘက်ပြည်သူများအတွက် အကျိုးအမြတ်အသီးအပွင့်များကို ဆောင်ကြဉ်းပေးခဲ့ကြောင်း နှင့် ဒေသတွင်းတည်ငြိမ်ရေး နှင့် ပေါကြွယ်ဝရေးအတွက် အတူတကွပူးပေါင်းကြိုးပမ်းအားထုတ်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သမ္မတရှီက တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး၏ အရေးကြီးသောအစိတ်အပိုင်းတစ်ခုမှာ တရုတ်-မြန်မာ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံတပ်မတော်အနေဖြင့် လက်တွေ့ကျသော အပြန်အလှန်ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်သွားသင့်ကြောင်း နှင့် နှစ်ဖက်အပြန်အလှန်ယုံကြည်မှု နှင့် အကျိုးဖြစ်ထွန်းမှု ၊ နှစ်နိုင်ငံ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှု နှင့် ဘုံသက်ဆိုင်မှုရှိသောလုံခြုံရေးကိစ္စရပ်များတွင် ကာကွယ်စောင့်ရှောက်မှုများအတွက် တပ်မတော်ချင်း-တပ်မတော်ချင်း ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရန် အတူတကွဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

ရှီက တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ခံအားပေးကြောင်း နှင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေအနေများတိုးတက်ဖြစ်ထွန်းရေးအတွက် အလေးထားပါကြောင်း ဆိုသည်။၎င်းက မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နယ်စပ်စီမံခန့်ခွဲမှုကို ရှေ့ဆက်ဆောင်ရွက်ရန် နှင့် နယ်စပ်လုံခြုံရေး နှင့် တည်ငြိမ်ရေးအတွက် ပူးပေါင်းထိန်းသိမ်းသွားရန် ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကာလရှည်ကြာစွာ အစဉ်အလာချစ်ကြည်ရင်းနှီးမှုရှိခဲ့ကြောင်း နှင့် နှစ်နိုင်ငံတပ်မတော်အကြာ ဆက်ဆံရေးသည်တိုးတက်ခိုင်မာစွာတည်ရှိပါကြောင်း ဆိုသည်။ ထို့ပြင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်ထောက်ခံအားပေးခြင်း နှင့် မြန်မာနိုင်ငံ နှင့် မြန်မာ့တပ်မတော်အပေါ် တရုတ်နိုင်ငံ၏ ကာလရှည်ကြာ တန်ဖိုးကြီးမားသော အကူအညီများအတွက် ဂုဏ်ပြုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

၎င်းက မြန်မာနိုင်ငံအနေဖြင့် ပိုးလမ်းမကြီးပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွစွာပါဝင်ဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း ၊ ထောက်ခံအားပေးကြောင်း နှင့် ကြိုဆိုပါကြောင်း ပြောကြားခဲ့ပြီး တရုတ်နိုင်ငံနှင့်အတူ နယ်ပယ်ကဏ္ဍစုံတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် မြန်မာ-တရုတ်နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန် လက်တွေ့ကျသော လုပ်ဆောင်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့တရုတ်နိုင်ငံ၏ ဗဟိုစစ်ကော်မရှင်(CMC) အဖွဲ့ဝင် နှင့် CMC ပူးတွဲစစ်ဦးစီးချုပ်ရုံး၏ စစ်ဦးစီးချုပ် Li Zuocheng နှင့် အခြားအဆင့်မြင့်အရာရှိများတက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)