Connect with us

Politics

တရုတ်နိုင်ငံက ပြည်ထဲရေးဝန်ကြီးဌာနထံ ရဲတပ်ဖွဲ့သုံး လုံခြုံရေး ပစ္စည်းများ ပေးအပ်

ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ အမှာစကား ပြောကြားစဉ် (ဆင်ဟ

နေပြည်တော်၊ မေ ၁၃ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းသည့် ရဲတပ်ဖွဲ့သုံး လုံခြုံရေး ပစ္စည်းများ လွှဲပြောင်းပေးအပ် သည့် အခမ်းအနားကို ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ယနေ့ ပြုလုပ်ခဲ့ရာ အလှူရှင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးကိုယ်စား တရုတ်နိုင်ငံ သံအမတ်ကြီး တက်ရောက် ပေးအပ်ခဲ့ပြီး ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက လက်ခံရယူခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက “တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ကူညီထောက်ပံ့ ပေးသည့် ရခိုင်ပြည်နယ်ဒေသအတွက် လုံခြုံရေးသုံး CCTV ကင်မရာနှင့် ဆက်စပ်ပစ္စည်းများကို လက်ခံ ရယူတဲ့ အခုလို မင်္ဂလာရှိတဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံ အစိုးရ ကိုယ်စား မိန့်ခွန်း ပြောကြား ခွင့်၊ လက်ခံရယူခွင့် ရရှိတဲ့ အတွက် များစွာ ဝမ်းမြောက်မိပါတယ်” ဟု ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန် အမှာစကား ပြေကြားစဉ် (ဆင်ဟွာ)

မြန်မာ – တရုတ် နှစ်နိုင်ငံသည် ချစ်ခင်ရင်းနှီးသော အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများ အဖြစ် တည်ရှိ ခဲ့ပြီး ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး ငါးချက်အပေါ် အခြေပြုလျက် အိမ်နီးချင်း ကောင်း ပီသ၍ ဆွေမျိုး ပေါက်ဖော် ချစ်ကြည် ရင်းနှီးမှုမှသည် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး၊ မိတ်ဖက်ဆက်ဆံရေး အဆင့်သို့တိုးမြှင့်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွား ခိုင်မာ တောင့်တင်းပြီး နည်းပညာနှင့် ကဏ္ဍစုံ တိုးတက်ဖြစ်ပေါ်နေမှုများအပေါ် မိမိတို့ များစွာ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ ကမ္ဘာကြီး တည်ငြိမ်ရေးနှင့် ဒေသတွင်း နိုင်ငံများ အေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို တရုတ်နိုင်ငံက ပါဝင်ကူညီ ဆောင်ရွက်ပေးနေမှု များကို ထောက်ခံလျက်ရှိပါကြောင်း၊ အဆွေတော်တို့၏ စိတ်ရင်းစေတနာ ကောင်းများဖြင့် မြန်မာ နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနသာမက အခြား ဝန်ကြီးဌာနများ၏ လိုအပ်ချက်များကိုလည်း လှူဒါန်း ကူညီပေးနေမှုများ ကြားသိရသည့်အတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သုံး လုံခြုံရေး ပစ္စည်းများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ ပြည်ထောင်စု ဝန်ကြီးထံ လွှဲပြောင်းပေးအပ်စဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က “ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိုဆောင်ရွက်တဲ့ အရေးကြီးတဲ့ ကာလမှာ နှစ်နိုင်ငံအကျိုးရှိမယ့် one belt one road ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်း တရားဥပဒေ စိုးမိုးရေး၊ စီးပွား ဖွံ့ဖြိုး တိုးတက် ရေးတွေအတွက် များစွာ အထောက်အကူပြုနိုင်မယ်၊ အလားအလာကောင်းတွေလည်း ရှိနေတယ်လို့ ကျွန်တော် အပြည့်အ၀ ယုံကြည်ပါတယ်၊ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး၊ စီးပွား ဖွံ့ဖြိုး တိုးတက် ရေးတွေတွေမှာ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့အတွက် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံက ဆက်လက် ထောက်ခံ အားပေးပြီး ကူညီသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သုံး လုံခြုံရေး ပစ္စည်းများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ ပြည်ထောင်စု ဝန်ကြီးထံ လွှဲပြောင်းပေးအပ်စဉ် (ဆင်ဟွာ)

ထို့အပြင် မြန်မာ မိတ်ဆွေတို့၏ ဆန္ဒအရ လိုအပ်သည်များ ရှိပါက တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ဆက်လက် ကူညီသွားများမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ပြည်သူများ အကြားရှိ ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးက ပိုမိုခိုင်မာလာမည်ဟု အပြည့်အ၀ ယုံကြည်ပါကြောင်းလည်း ပြောကြားခဲ့သည်။

မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြစဉ် (ဆင်ဟွာ)

ထို့နောက် တရုတ်နိုင်ငံ သံအမတ်ကြီးက လှူဒါန်းသည့် ရဲတပ်ဖွဲ့သုံး လုံခြုံရေး ပစ္စည်းများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပြည်ထဲ ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ လွှဲပြောင်း ပေးအပ်ခဲ့ရာ လှူဒါန်းမှု စုစုပေါင်းမှာ CCTV ကင်မရာ ရှစ်လုံး၊ ဆက်စပ်ပစ္စည်း ၆၃ မျိုးတို့ ဖြစ်ကြပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၆၇,၉၆၈ ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117