Connect with us

Politics

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီးနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပါတီ ခေါင်းဆောင်များ တွေ့ဆုံ

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း (Mr.Song Tao) နှင့် ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင် အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း (Mr.Song Tao) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် သြဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်း အချိန်တွင် မြန်မာနိုင်ငံမှ တိုင်းရင်းသား ပါတီ ခေါင်းဆောင်များ ဖြစ်ကြသော ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် နှင့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး တို့အား ရန်ကုန်မြို့၌ တွေ့ဆုံ ခဲ့ပါသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်းမှ တိုင်းရင်းသား ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ယခု ကဲ့သို့ မြန်မာနိုင်ငံရှိ ပါတီ များနှင့် တွေ့ဆုံ ရခြင်းမှာ အပြန်အလှန် ရင်းနှီးမှုနှင့် နားလည်မှု တိုးမြှင့် စေရန် ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို တိုးမြင့် နိုင်ရန် အတွက် တွန်းအားပေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း (Mr.Song Tao) နှင့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အား တွေ့ရစဉ် (ဆင်ဟွာ)

မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် သြဂုတ်လ ၁၀ ရက်နေ့ည ၇ နာရီ အချိန်ခန့်တွင် နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး သြဂုတ်လ ၁၄ ရက်နေ့အထိ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် ပါတီ ခေါင်းဆောင်များကို တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.