Connect with us

Politics

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး နှင့် မြန်မာ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တွေ့ဆုံဆွေးနွေး


နေပြည်တော် ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် မြန်မာ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် နိုဝင်ဘာ ၁၉ ရက်နေ့၌ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က တရုတ်-မြန်မာ နှစ်နိုင်ငံ သည် တောတောင်ရေမြေခြင်း ထိစပ်နေပြီး အစဉ်အမြဲ အပြန်အလှန် နားလည်ထောက်ခံမှု ထားရှိခဲ့ကြောင်း ၊ မိမိ အနေဖြင့် တရုတ် နိုင်ငံ ၌ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံ အပြီးတွင် တာဝန်ပေးမှု အရ မြန်မာ နိုင်ငံ သို့ လာရောက်လည်ပတ်ခဲ့ခြင်းသည် ပြည်ပ နိုင်ငံများ အတွင်း တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် ဆက်ဆံရေး အား နိုင်ငံခြားရေး ကဏ္ဍတွင် ဦးစားပေး နေရာ၌ ထားရှိကြောင်း ကို ဖော်ပြလိုခြင်း ကြောင့် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ တွင် တပ်မတော် သည် နိုင်ငံ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေး တွင် လွန်စွာ အရေးပါခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး ကို တွန်းအားပေးနေသည့် ခိုင်မြဲသော အားအင် တစ်ခု ဖြစ်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး မှာလည်း အချိန်ကာလ ၏ စစ်ဆေးမှု ကို ဖြတ်ကျော်နိုင်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတွင် အလွန်အရေးပါသည့် အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ၊ တပ်မတော် အနေဖြင့် ခေတ်သစ် တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ၏ အားအင်တစ်ခု ဖြစ်စေလိုကြောင်း ၊ ရခိုင်ပြည်နယ် အရေး ၏ နောက်ခံ သမိုင်းကြောင်း သည် လွန်စွာ ရှုပ်ထွေး ပြီး ပြဿနာ ဖြစ်ပွားစေသည့် အရင်းအမြစ် မှ စတင်၍ တစ်ဆင့်ခြင်း ကိုင်တွယ်ဖြေရှင်းသွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ရခိုင်အရေး ဖြေရှင်းရန် အတွက် အကြံပြုချက် ၃ ချက် အဆိုပြုခဲ့ပြီး ရခိုင်အရေး ဖြေရှင်းရန် အတွက် အထောက်အကူ ဖြစ်စေရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် မြန်မာ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် မြန်မာ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစဉ်(ဆင်ဟွာ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ အိမ်နီးချင်း မိတ်ဆွေ နိုင်ငံ ဖြစ်ပြီး မြန်မာ နိုင်ငံ ၏ အစစ်မှန်ဆုံးသော သူငယ်ချင်း မိတ်ဆွေ ဖြစ်ကြောင်း ၊ ကာလတစ်လျှောက် မြန်မာ နိုင်ငံ ၏ တည်ငြိမ်အေးချမ်းရေး နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ထောက်ခံကူညီမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ တပ်မတော်အနေဖြင့် ဆက်လက်၍ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ချစ်ကြည် ဆက်ဆံရေး အစဉ်အလာ ကို ထိန်းသိမ်းသွားလိုပြီး မြန်မာ-တရုတ် ခေတ်သစ် ချစ်ကြည်ဆက်ဆံရေး အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်သွားလိုကြောင်း ၊ မြန်မာ နိုင်ငံ ဘက်မှ တရုတ် နိုင်ငံ ၏ ရခိုင်အရေး ပေါ်တွင် ရပ်တည်မှု နှင့် ပတ်သက်၍ ချီးမွမ်းဂုဏ်ပြုပြီး နိုင်ငံခြားရေး ဝန်ကြီးအနေဖြင့် ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ နိုင်ငံ အကြား သွားလာလှုပ်ရှားပေးနေသည့် အတွက် ကျေးဇူးတင်ကြောင်း ၊ မြန်မာ နိုင်ငံ ဘက်မှ တရုတ် နိုင်ငံ မှ ရခိုင်အရေး ဖြေရှင်းရန် အတွက် အကြံပြုခဲ့သည့် အချက် ၃ ချက်ကို ထောက်ခံပြီး မြန်မာ့ တပ်မတော်အနေဖြင့် ပြဿနာ အမြန်ဆုံး ဖြေရှင်းနိုင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.