Connect with us

Politics

တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး တိုးမြှင့်ရန် တရုတ် နိုင်ငံ စစ်သင်္ဘောများ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိ

တရုတ်နိုင်ငံ ရေတပ်မှ စစ်သဘောင်္များ မြန်မာနိုင်ငံ သီလဝါ ဆိပ်ကမ်းသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိလာစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ်၏ စီစဉ်ဆောင်ရွက်မှုဖြင့် တရုတ် ရေတပ် အမှတ်စဉ် ၂၃ ရေယာဉ် ကာကွယ်ရေး တပ်ဖွဲ့မှ XiangTan နှင့် ZhouShan စစ်သင်္ဘောများသည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ် အဖြစ် ယနေ့စက်တင်ဘာလ ၃၀ ရက်တွင် ရန်ကုန်မြို့သီလဝါ ဆိပ်ကမ်းသို့ရောက်ရှိလာခဲ့သည်။

ထိုသို့လာရောက်ရခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ မဟာဗျူဟာ ချိတ်ဆက်ခြင်း ၊ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် အကောင်အထည်ဖော်ခြင်း ၊ တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာ မိတ်ဆွေ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို ပြည့်စုံစေရန် ရည်ရွယ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ရေတပ်မှ စစ်သဘောၤများသည် မြန်မာနိုင်ငံရှိ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိလာချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန် ၊ စစ်သံမှူး ဝမ်ကျင့်ပေါ နှင့် တပ်မတော်(ရေ)ဘက်မှ ရေတပ် သဘောၤကျင်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် မြင့်ဦး ၊ ရေတပ် လေကျင့်ရေး ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လှိုင် အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က ယခု အကြိမ် စစ်သင်္ဘောများ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခြင်းကြောင့် မြန်မာနိုင်ငံ ပြည်သူလူထုများက တရုတ်နိုင်ငံကို ပိုမိုနားလည်နိုင်စေမည် ဖြစ်ပြီး နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဖက် ပူးပေါင်းဆက်ဆံရေးကိုလည်း ပိုမိုအားဖြည့် ပြည့်စုံစေမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ပိုမိုနက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာ အရေးပါကြောင်း ၊ ယခု အကြိမ် လာရောက် လည်ပတ်ခြင်းသည် မြန်မာနိုင်ငံ ကဏ္ဍအသီးသီး ကို ငြိမ်းချမ်းရေး နှင့် ချစ်ကြည်ရေး ဟူသည့် သတင်းကို လက်ဆင့်ကမ်းနိုင်မည် ဖြစ်ကြောင်း ၊ ယခု လာရောက်ရာတွင် မြန်မာနိုင်ငံ အစိုးရ နှင့် တပ်မတော်မှ ပြည့်ပြည့် စုံစုံ စီစဉ်ပေးသည့် အတွက် များစွာ ကျေးဇူးတင်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း ရေယဉ်တပ်ဖွဲ့မှူးသည် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ စစ်ဘက်ခေါင်းဆောင်များ နှင့် တွေ့ဆုံသွားမည် ဖြစ်ပြီး နှစ်နိုင်ငံ တပ်မတော် စစ်မှုထမ်းများ အပြန်အလှန် လည်ပတ်မှုများ ဆောင်ရွက်မည်ဖြစ်ကာ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

သီလဝါ ဆိပ်ကမ်း၌ လာရောက် ကြိုဆိုသူများအား တရုတ်နိုင်ငံ စစ်သဘောၤမှ တာဝန်ရှိသူများက လိုက်လံ နှုတ်ဆက်စဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ်မှ စစ်သဘောၤပေါ်သို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် တာဝန်ရှိသူများ လိုက်လံ ကြည့်ရှု နှုတ်ဆက်စဉ် (ဆင်ဟွာ)

ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိလာသည့် တရုတ်နိုင်ငံ ရေတပ်မှ စစ်သဘောၤပေါ်သို့ တပ်မတော်(ရေ)မှ တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုစဉ် (ဆင်ဟွာ)

ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိလာသည့် တရုတ်နိုင်ငံ ရေတပ်မှ စစ်သဘောၤပေါ်သို့ တပ်မတော်(ရေ)မှ တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ်မှ စစ်သဘောၤမှ တာဝန်ရှိသူများနှင့် တပ်မတော်(ရေ)မှ တာဝန်ရှိသူများအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ် အနေဖြင့် ချစ်ကြည်ငြိမ်းချမ်းရေး ၊ နားလည်မှု တိုးပွားစေရေး နှင့် ဖလှယ်မှုများ တိုးချဲ့နိုင်ရေး တို့အတွက် လာရောက်ခြင်းဖြစ်ပြီး ယခု အကြိမ် လာရောက်လည်ပတ်ခြင်းမှတဆင့် နားလည်မှု တိုးပွားကာ ပိုမိုနီးကပ်သည့် ချစ်ကြည်ရေး ရရှိပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ၏ အစဉ်အလာ ရှိသော ချစ်ကြည်ရေး ကို ပိုမို တိုးမြှင့် နိုင်မည်ကို ယုံကြည်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ရေတပ်အနေဖြင့် မြန်မာနိုင်ငံ ရေတပ် အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီး ရှိ ရေတပ် များနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ကာ ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ရေကြောင်း သမုဒ္ဒရာ ငြိမ်းချမ်းရေး အတွက် အတူတကွ ထိရောက်သော ဆောင်ရွက်မှု များပြုလုပ်ကာ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်သွားလိုကြောင်း သိရသည်။

တရုတ်နိုင်ငံ ရေတပ်မှ XiangTan နှင့် ZhouShan စစ်သင်္ဘော တို့သည် အေဒင်ပင်လယ်ကွေ့ ဆိုမာလီယာ တွင် ရေယာဉ် ကာကွယ်ရေး တာဝန် ကိုဆောင်ရွက်ပြီးနောက် မြန်မာ နိုင်ငံ သို့လာရောက်လည်ပတ်ခြင်းဖြစ်ပြီး

ယခု အကြိမ် လာရောက် လည်ပတ်ခြင်းသည် ၂၀၁၄ ခုနှစ်တွင် လေ့ကျင့်ရေး စစ်ရေယာဉ် တပ်ဖွဲ့လာရောက် လည်ပတ်ပြီးနောက် ထပ်မံ လာရောက်လည်ပတ်ခြင်းဖြစ်ကာ နှစ်နိုင်ငံ စစ်ရေး ဆက်ဆံမှု အတွက် လွန်စွာ အရေးပါလှကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.