Connect with us

Politics

တရုတ်-မြန်မာ (၅)ကြိမ်မြောက် တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး နေပြည်တော်တွင် ကျင်းပ

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကော်စိမ်းခွန်း နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ လက်ဆွဲ နှုတ်ဆက်နေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကော်စိမ်းခွန်း (Guo Shengkun)သည် စက်တင်ဘာ ၂၇ ရက်နေ့တွင် နေပြည်တော်၌ မြန်မာ နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ နှင့်တွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာ (၅)ကြိမ်မြောက် တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး အား အတူတကွ ဦးဆောင် ကျင်းပ ခဲ့သည်။

ကော်စိမ်းခွန်း က တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု သည် တရုတ်-မြန်မာ ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှု များတွင် လွန်စွာ အရေးပါကြောင်း ပြောကြား ခဲ့ပြီး နှစ်နိုင်ငံ တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး စတင်တည်ထောင်ခဲ့သည့် ၂၀၀၅ ခုနှစ်မှ စတင်၍ အောင်မြင်မှုများစွာ ရရှိခဲ့ပြီး နှစ်နိုင်ငံ တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ဌာန များ၏ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုများ အတွက် တွန်းအားပေး နိုင်ခဲ့ကာ တရုတ်-မြန်မာ ဆက်ဆံရေး အတွက် စာမျက်နှာသစ် များ တိုးချဲ့နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် ကော်စိမ်းခွန်း က တရုတ်-မြန်မာ တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းသည် နှစ်နိုင်ငံ အကျိုးစီးပွား နှင့် နှစ်နိုင်ငံ ပြည်သူလူထု အကျိုးစီးပွား အတွက် ကိုက်ညီမှုရှိကြောင်း ၊ ဌာန နှစ်ခု အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ သဘောတူညီမှု ကို အခြေခံကာ အနီးကပ် ဆက်ဆံရေး ကို ထိန်းသိမ်းပြီး အပြန်အလှန် ယုံကြည်မှု တိုးမြှင့်ကာ ပူးပေါင်းဆောင်ရွက်မှု မှတစ်ဆင့် ဆန်းသစ်တီထွင်မှု နှင့် အောင်မြင်မှုများ အဆက်မပြတ်ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ထို့ပြင် နှစ်နိုင်ငံ တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို သက်ဝင်လှုပ်ရှားနေစေရန် ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ၊ မူးယစ်ဆေးဝါး တားဆီးရေး ၊ စီမံကိန်းကြီးများ လုံခြုံရေး နှင့် နယ်စပ်ဒေသ စီမံဆောင်ရွက်မှု များတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု များဆောင်ရွက်ပြီး နှစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေး နှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်း သွားရမည် ဖြစ်ကြောင်း ၊ မဲခေါင်မြစ်ဝှမ်းဒေသ တရားဥပဒေ စိုးမိုးရေး ကင်းလှည့်ဆောင်ရွက်မှု စသည့် ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု များ နက်ရှိုင်းစေပြီး ဒေသဖြတ်ကျော် ဒုစရိုက်မှု နှင့် အကြမ်းဖက်မှု များကို ရင်ဆိုင်နိုင်မှု စွမ်းရည်ကို မြှင့်တင်သွားရမည် ဖြစ်ကြောင်း ၊ နှစ်ဘက် အနေဖြင့် တရားဥပဒေ စိုးမိုးရေး ဌာန ၊ ရဲဌာန နှင့် ရဲသင်တန်းကျောင်း များတွင် ပြုစုပျိုးထောင်ဖလှယ်မှုများ ဆောင်ရွက်ပြီး အတူတကွ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာစွမ်းရည်များကို မြှင့်တင် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ က တရုတ် နိုင်ငံ နှင့် အတူ ပူးပေါင်းဆောင်ရွက်မှု ကို ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်သွားလိုကြောင်း ၊ တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ဆိုင်ရာ အရေးကြီး ကိစ္စရပ် များတွင် အနီးကပ် ဆက်ဆံမှုများ ဆောင်ရွက်ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းစေရန် နှင့် ဒုစရိုက်မှု အမျိုးမျိုး ပူးပေါင်း တိုက်ဖျက် ခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူလူထု ကို အကျိုးပြုလိုကြောင်း ပြောကြား ခဲ့သည်။

အစည်းအဝေး အပြီးတွင် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ပြည်သူ့လုံခြုံရေးဌာန ဝန်ကြီး ကော်စိမ်းခွန်း နှင့် မြန်မာ နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ တို့က အစည်းအဝေး မှတ်တမ်းတွင် လက်မှတ် ရေးထိုးခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ စာရွက်စာတမ်းများ လက်မှတ်ရေးထိုးခဲ့ကြသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့် နှင့် တရုတ် နိုင်ငံ သက်ဆိုင်ရာ ဌာန မှ တာဝန်ရှိအရာရှိများ တက်ရောက် ခဲ့ကြသည်။(Xinhua)

တရုတ်-မြန်မာ (၅)ကြိမ်မြောက် တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

တရုတ်-မြန်မာ (၅)ကြိမ်မြောက် တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး တက်ရောက်သူများ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနေစဉ်(ဆင်ဟွာ)

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ က တရုတ် နိုင်ငံ နှင့် အတူ ပူးပေါင်းဆောင်ရွက်မှု ကို ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်သွားလိုကြောင်း ၊ တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ဆိုင်ရာ အရေးကြီး ကိစ္စရပ် များတွင် အနီးကပ် ဆက်ဆံမှုများ ဆောင်ရွက်ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းစေရန် နှင့် ဒုစရိုက်မှု အမျိုးမျိုး ပူးပေါင်း တိုက်ဖျက် ခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူလူထု ကို အကျိုးပြုလိုကြောင်း ပြောကြား ခဲ့သည်။

အစည်းအဝေး အပြီးတွင် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ပြည်သူ့လုံခြုံရေးဌာန ဝန်ကြီး ကော်စိမ်းခွန်း နှင့် မြန်မာ နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ တို့က အစည်းအဝေး မှတ်တမ်းတွင် လက်မှတ် ရေးထိုးခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ စာရွက်စာတမ်းများ လက်မှတ်ရေးထိုးခဲ့ကြသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့် နှင့် တရုတ် နိုင်ငံ သက်ဆိုင်ရာ ဌာန မှ တာဝန်ရှိအရာရှိများ တက်ရောက် ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.