Connect with us

Politics

မြန်မာ နိုင်ငံ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် က တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေးဌာန ဝန်ကြီး အား လက်ခံတွေ့ဆုံ

မြန်မာ နိုင်ငံ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း တွေ့ဆုံစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်း အချိန်တွင် မြန်မာ နိုင်ငံ သို့ ချစ်ကြည်လည်ပတ်ရေး ခရီးစဉ် ဖြင့် ရောက်ရှိလာ သည့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း(Mr.Song Tao) အား လက်ခံတွေ့ဆုံ ခဲ့သည်။

မြန်မာ နိုင်ငံ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဌာန ဝန်ကြီး ဆုန့်ထောင်း တို့သည် နေပြည်တော် ရှိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အိမ်တော်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှု အပြီးတွင် ဝန်ကြီး ဆုန့်ထောင်း အား မြန်မာ နိုင်ငံ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က နေအိမ် တွင် ညစာစားပွဲ ဖြင့် တည်ခင်းဧည်ခံ ခဲ့သည်။

တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဌာန ဝန်ကြီး ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ က ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်း အချိန်တွင် တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး လေဆိပ်သို့ ရောက်ရှိချိန်တွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် မြန်မာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမြင့်သူ နှင့် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် တို့မှ လာရောက် ကြိုဆို ခဲ့ကြသည်။

ဝန်ကြီး ဆုန့်ထောင်း က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မတွေ့ဆုံမီ ညနေပိုင်း အချိန်တွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ (၂) တွင် မြန်မာ နိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.