Connect with us

Politics

မြန်မာ နိုင်ငံ သမ္မတ ဦးထင်ကျော် နှင့် တရုတ် နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကော်စိမ်းခွန်း တို့နေပြည်တော်၌ တွေ့ဆုံ

မြန်မာ နိုင်ငံ သမ္မတ ဦးထင်ကျော် နှင့် တရုတ် နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကော်စိမ်းခွန်း လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံ သမ္မတ ဦးထင်ကျော် သည် စက်တင်ဘာ ၂၇ ရက်နေ့တွင် နေပြည်တော် ၌ မြန်မာ နိုင်ငံ သို့ တရုတ်-မြန်မာ (၅)ကြိမ်မြောက် တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး တက်ရောက်ရန် ရောက်ရှိလာသည့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကော်စိမ်းခွန်း(Guo Shengkun) ကို လက်ခံတွေ့ဆုံ ခဲ့သည်။

ကော်စိမ်းခွန်း က ဦးစွာ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ မြန်မာ နိုင်ငံ သမ္မတ ဦးထင်ကျော်အား နွေးထွေးစွာ မေးမြန်းကြောင်း ကို ပြောကြား ခဲ့သည်။ ထို့နောက်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သည် နက်ရှိုင်းသည့် သမိုင်းအစဉ်အလာ ရှိခဲ့ပြီး ချစ်ကြည်သောအိမ်နီးချင်း စိတ်သဘောများ ရှိကြကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး ဟူသည့် ဦးတည်ချက်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ကာ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အရေးကြီးသည့် သဘောတူညီချက်များကို ရှေ့တန်းတင်ပြီး အဆင့်မြင့် တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေး ကိုတည်ဆောက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကော်စိမ်းခွန်း က နှစ်နိုင်ငံ ခေါင်းဆောင်များ ၏ စိတ်ဝင်စားမှု နှင့် ထောက်ခံမှု အောက်တွင် တရုတ်-မြန်မာ တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုသည်လည်း တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် အတူတကွ ပူးပေါင်းကာ (၅)ကြိမ်မြောက် တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး ကျင်းပခြင်းကို အခွင့်အရေး တစ်ခု အဖြစ်သတ်မှတ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ၊ မူးယစ်ဆေးဝါး တားဆီးရေး ၊ စီမံကိန်းကြီးများ လုံခြုံရေး နှင့် နယ်စပ်ဒေသ စီမံဆောင်ရွက်မှု များတွင် ဆက်လက်၍ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ သမ္မတ ဦးထင်ကျော် နှင့် တရုတ် နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကော်စိမ်းခွန်း တွေ့ဆုံစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ သမ္မတ ဦးထင်ကျော် က ကော်စိမ်းခွန်း မှတစ်ဆင့်တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အား နွေးထွေးစွာ မေးမြန်းကြောင်း နှင့် ဆုမွန်ကောင်း တောင်းကြောင်း ပြောကြား ခဲ့သည်။ ထို့နောက်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ သည် နက်ရှိုင်းသော ချစ်ကြည်ရေး အခြေခံများရှိပြီး မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ် ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် လူမှုဘဝ မြှင့်တင့်ရေး စသည့်တို့တွင် ကူညီထောက်ခံမှု များကို မေ့ပျောက် နိုင်မည် မဟုတ်ကြောင်း ၊ တရုတ် နိုင်ငံ အဆင့်မြင့် အရာရှိများ နှင့် အနီးကပ် ကူးလူးဆက်ဆံမှု များဆောင်ရွက်ကာ ကဏ္ဍစုံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေပြီး မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုအား နှစ်နိုင်ငံ ပြည်သူလူထုကို ပိုမို အကျိုးဖြစ်ထွန်းစေလိုကြောင်း ၊ တရားဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု သည် နှစ်နိုင်ငံ ဆက်ဆံရေး တွင် မရှိမဖြစ် အစိတ်အပိုင်း တစ်ခုဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဖလှယ်မှု များမှ ကောင်းမွန်သည့် ရလဒ်များ ရရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.