Connect with us

Social

တရုတ်နိုင်ငံအထောက်အပံ့ဖြင့် အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ခြင်းစီမံကိန်း ဖွင့်ပွဲကျင်းပ

ရန်ကုန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအထောက်အပံ့ဖြင့် အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ခြင်းစီမံကိန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၈ ရက်တွင် မန္တလေးမြို့၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်းဟိုင် ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင် ၊ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် Mr. Chen Chen ၊ သံရုံးစီးပွားရေးသံမှူး Mr. Tan Shufu တို့ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံ သံရုံးထံမှ သိရသည်။သံအမတ်ကြီး Mr. Chen Hai က အမှာစကားပြောကြားရာတွင် စီမံကိန်းတရားဝင်စတင်မှုကို ဂုဏ်ပြုခဲ့ကြောင်း ၊ အဆိုပါစီမံကိန်းသည် သမ္မတရှီကျင့်ဖိန် မြန်မာနိုင်ငံခရီးစဉ်၏အရေးပါရလဒ်များထဲမှတစ်ခု ဖြစ်ကြောင်း၊ အဆိုပါရလဒ်အားကောင်းမွန်စွာဖော်ဆောင်ခြင်းသည် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်၏ အရေးကြီးလုပ်ငန်းတာဝန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် စီးပွားရေးအသွင်ကူးပြောင်းသည့် အရေးပါကာလတွင်ရောက်ရှိနေကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအတွေ့အကြုံများကူးလူးဖလှယ်ကာ ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံများမျှဝေလိုပြီး မြန်မာနိုင်ငံစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီအားပေးကာ တရုတ်-မြန်မာအကျိုးတူပူးပေါင်းဆောင်ရွက်မှုရလဒ်အား ပိုမိုများပြားသည့် မြန်မာပြည်သူများကို ပိုမိုကောင်းမွန်စွာအကျိုးပြုစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအထောက်အပံ့ဖြင့် အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ခြင်းစီမံကိန်းအား တွေ့ရစဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar )

သံအမတ်ကြီး Mr. Chen Hai က ပထမအချက်သည် နှစ်နိုင်ငံကပ်ရောဂါတိုက်ဖျက်မှု ပူးပေါင်းဆောင်ရွက်ရေးကိုမြှင့်တင်ရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ Vaccine စသည့် လှူဒါန်းမှုများဆက်လက်ပေးအပ်ကာ Vaccine ပူးပေါင်းထုတ်လုပ်မှုနှင့် နည်းပညာလွှဲပြောင်းမှုကိုမြှင့်တင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ Sinopharm Group သည် မြန်မာနိုင်ငံနှင့်ဆွေးနွေးတိုင်ပင်လျက်ရှိပြီး ကိုဗစ်-၁၉ Vaccine အား မြန်မာနိုင်ငံတွင်ထုတ်လုပ်မှုကို ဆောလျင်စွာဖော်ဆောင်၍ မြန်မာနိုင်ငံပြည်သူများ ကျန်းမာရေးဘေးကင်းမှုကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ ဒုတိယအချက်သည် မြန်မာနိုင်ငံစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအား ထောက်ခံအားပေးခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ၎င်း၏စက်မှုလုပ်ငန်းဖော်ဆောင်မှုအတွေ့အကြုံနှင့် ခေတ်မီသင့်တော်သောနည်းပညာများကို မျှဝေသွားလိုပြီး “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအား အရည်အသွေးမြင့်မြင့်အတူတကွတည်ဆောက်ကာ မြန်မာနိုင်ငံစက်မှုလုပ်ငန်းဖော်ဆောင်မှုဖြစ်စဉ်အား အရှိန်မြှင့်တင်သွားလိုကြောင်း ၊ တတိယအချက်အနေဖြင့် စွမ်းရည်တည်ဆောက်မှုပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ခြင်းဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်သည် ပညာရှင်များစေလွှတ်ခြင်း၊ လုပ်ငန်းသင်တန်းကျောင်းတည်ဆောက်ခြင်း စသည့်နည်းလမ်းများဖြင့် မြန်မာနိုင်ငံ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လေ့ကျင့်ရေးလုပ်ငန်းတိုးတက်မှုကို မြှင့်တင်နိုင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအထောက်အပံ့ဖြင့် အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ခြင်းစီမံကိန်းဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်စဉ်(ဓာတ်ပုံ – Chinese Embassy in Myanmar )

တရုတ်နိုင်ငံအထောက်အပံ့ဖြင့် အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြင့်တင်ခြင်းစီမံကိန်းသည် ဆောက်လုပ်ရေးကာလ ၂၆ လရှိပြီး စီမံကိန်းတွင် လေ့ကျင့်ရေးအခန်း အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင် တည်ဆောက်ခြင်း၊ ကျွမ်းကျင်လေ့ကျင့်ရေးပစ္စည်းနှင့် သင်ရိုးများ ထောက်ပံ့ပေးခြင်း၊ မြန်မာနိုင်ငံများဆရာများအား လေ့ကျင့်ပေးခြင်းစသည်တို့ပါဝင်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မြန်မာနိုင်ငံ အသက်မွေးဝမ်းကျောင်းပညာရေး လေ့ကျင့်ရေးအတွက် တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများမှ အင်တိုက်အားတိုက် ထောက်ခံအားပေးခြင်းအား လေးလေးနက်နက် ကျေးဇူးတင်ရှိကြောင်း၊ နှစ်ပေါင်းများစွာအတွင်း အဆိုပါသင်တန်းကျောင်းသည် မြန်မာနိုင်ငံအတွက် သက်မွေးအတတ်ပညာ လူတော်လူချွန်အများအပြားကို မွေးထုတ်ပေးခဲ့ကြောင်း၊ စီမံကိန်း ဆောက်လုပ်ပြီးစီးပြီးပါက မြန်မာနိုင်ငံ စက်မှုကဏ္ဍ လူတော်လူချွန်များ မွေးထုတ်ရေးကို ပိုမိုကောင်းမွန်စွာ ကူညီပံ့ပိုးပေးနိုင်ပြီး မြန်မာနိုင်ငံ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အားဖြည့်ပေးနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု သိရသည်။ (Xinhua)