Connect with us

Social

“တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တော” စီမံကိန်း စတင်ခြင်း အခမ်းအနား ကျင်းပ


ရန်ကုန် ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ)

“တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တော” စီမံကိန်း စတင်ခြင်း အခမ်းအနား ကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ရန်ကုန် မြို့ရှိ သဘာဝ သမိုင်းပြတိုက်ခန်းမ ၊ ရန်ကုန် တိရစ္ဆာန်ဥယျာဉ် ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး အခမ်းအနား သို့ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း နှင့် ဌာန ဆိုင်ရာ အကြီးအကဲ များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း အဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့သည် ဒေသ တစ်ခုတည်းတွင် အတူတကွ နေထိုင်ကြသည့် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တစ်ခု ဖြစ်သောကြောင့် နှစ်နိုင်ငံ သည် တူညီ ဆက်စပ် နေသည့် သဘာဝ ပတ်ဝန်းကျင် အသိုက်အဝန်း တစ်ခု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် သစ်တော စိုက်ခင်း ဆောင်ရွက်ခြင်း လုပ်ငန်း များတွင် ရရှိခဲ့သည့် အတွေ့အကြုံများကို မြန်မာ နိုင်ငံအားမျှဝေကာ သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု များတွင် ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး အနေဖြင့် စီမံကိန်း ကနဦး မတည်ငွေ အဖြစ် ငွေကျပ် သိန်း ၅၀၀၀ ကိုကူညီထောက်ပံ့သွားမည် ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် စိုက်ပျိုးမြေ ဧက ၁၂၀ တွင် သစ်ပင် ၄၂၀၀၀ ပင်ကို ပြီးစီးအောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ၊ ထို့ပြင် သံရုံး အနေဖြင့် “တရုတ်-မြန်မာ ချစ်ကြည်ရေး ဂေဟစနစ် ရန်ပုံငွေ” တစ်ရပ် တည်ထောင်သွားမည် ဖြစ်ပြီး မြန်မာ နိုင်ငံ ရှိအသင်းအဖွဲ့များ နှင့် တရုတ် နိုင်ငံ လုပ်ငန်းရှင်များမှ ပါဝင်ရန် ဖိတ်ခေါ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း မှ မိန့်ခွန်း ပြောကြား နေစဉ်(ဆင်ဟွာ)

“တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တော” စီမံကိန်း စတင်ခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း က မြန်မာ နိုင်ငံတော် အစိုးရ ၊ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ သစ်တော ဦးစီးဌာန နှင့် တရုတ် နိုင်ငံ သစ်တော စီမံအုပ်ချုပ်မှုဌာန တို့အကြား နားလည်မှု စာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးပြီး သစ်တော သယံဇာတ တရားမဝင် ထုတ်လုပ်မှုများအား ထိရောက်စွာ ကာကွယ်ရေး ကို ဆောင်ရွက်လျက်ရှိကြောင်း ၊ သစ်တော ဦးစီးဌာန မှ ၂၀၁၇ ခုနှစ်မှ ၂၀၂၆ ခုနှစ် အထိ (၁၀) နှစ် စီမံချက်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့် “မြန်မာ နိုင်ငံ သစ်တောများ ပြန်လည် တည်ထောင်ရေး စီမံကိန်း” အား တစ်ဖက်တစ်လမ်း မှ ကူညီပံ့ပိုးမှု များ ဆောင်ရွက် ပေးခဲ့သည့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး နှင့် သံရုံး အား ကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။

“တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တော” စီမံကိန်း စတင်ခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

“တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တော” စီမံကိန်း စတင်ခြင်း အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ထို့နောက် တွင် ပြည်ထောင်စု ဝန်ကြီး နှင့် သံအမတ်ကြီး တို့မှ “တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တော” စီမံကိန်း အား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး အမှတ်တရ သစ်ပင် များ စိုက်ပျိုး ခဲ့ကြပါသည်။မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှ သတင်းဌာန များ၏ မေးမြန်းမှု ကို ပြန်လည် ဖြေကြားရာတွင် ဂေဟစနစ် ထိန်းသိမ်းရေး လုပ်ငန်း သည် လက်ရှိ ချိန်တွင် နိုင်ငံ အသီးသီး မှ အလေးထား ဆောင်ရွက်နေသည့် လုပ်ငန်း တစ်ခုဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ သည် တောတောင်ရေမြေခြင်း ထိစပ်နေသည့် အိမ်းနီးချင်း မိတ်ဆွေ နိုင်ငံများ ဖြစ်သောကြောင့် တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် ပူးပေါင်းကာ နှစ်နိုင်ငံ အတူတကွ နေထိုင်သည့် ဒေသ၏ ဂေဟစနစ် ကို ကာကွယ်ထိန်းသိမ်းရန် တာဝန်ဝတ္တရားများ ရှိကြောင်း ၊ အာရှတိုက် သည် မိမိတို့ အတူတကွ နေထိုင်သည့် ဥယျဉ်အိမ်မြေ တစ်ခု ကဲ့သို့ဖြစ်ပြီး တရုတ် နိုင်ငံ သည် အာရှ တိုက်၏ အကြီးဆုံးသော နိုင်ငံ တစ်ခု အနေဖြင့် ဂေဟစနစ် ထိန်းသိမ်းရေး လုပ်ငန်း များကို တာဝန်ယူ ဆောင်ရွက်ကာ အဆက်မပြတ် ပိုမို ကောင်းမွန်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ၊ မိမိ တို့အနေဖြင့် အတူတကွ ပူးပေါင်းကာ မြန်မာ နိုင်ငံ ၏ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်း များကို ကူညီ ဆောင်ရွက်ခြင်းဖြင့် ပိုမို လှပ သည့် မြန်မာ နိုင်ငံ ကို တည်ထောင် သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)