Connect with us

Social

“မုဒြာရဲ့ခေါ်သံ”ရုပ်ရှင်ဇာတ်ကား တရုတ်ရွှေကြက်-ရာပန်းရုပ်ရှင်ပွဲတော်တွင် ပြသရန်ရွေးချယ်ခံရ

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ကားကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ--မုဒြာရဲ့ခေါ်သံ Facebook)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) 

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကား ကို တရုတ်နိုင်ငံ ဖူကျင့်ပြည်နယ် ရှားမန့်မြို့တွင် နိုဝင်ဘာလ ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် (၂၈) ကြိမ်မြောက် တရုတ်ရွှေကြက်-ရာပန်းရုပ်ရှင်ပွဲတော်တွင် ပြသရန် ရွေးချယ်ခံရကြောင်း သိရသည်။

အဆိုပါရွေးချယ်ခံရသော ရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင် ပွဲတော်၌ပြသပြီး အကောင်းဆုံးနိုင်ငံရပ်ခြားရုပ်ရှင်ဆု၊ အကောင်းဆုံးနိုင်ငံရပ်ခြားဒါရိုက်တာဆု၊ အကောင်းဆုံး နိုင်ငံရပ်ခြားဇာတ်ဆောင်မင်းသားဆုနှင့် အကောင်းဆုံး နိုင်ငံရပ်ခြားဇာတ်ဆောင်မင်းသမီးဆုများကို ကြည့်ရှုသူ ပရိသတ်များ၏ မဲအရေအတွက်ဖြင့် ရွေးချယ်၍ ဆုချီးမြှင့် သွားမည်ဖြစ်သည်။

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ကားကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ–မုဒြာရဲ့ခေါ်သံ Facebook)

မုဒြာခေါ်သံရုပ်ရှင် ဇာတ်ကားသည် ပြည်တွင်း၌ ပြသခဲ့စဉ် အောင်မြင်မှုများရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သည့် Mexico International Film Festival 2017 ပွဲတွင် Silver Palm Award ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံ ဘာလီမြို့၌ ကျင်းပခဲ့သော International Student Newcomer Woman Film Festival (ISENMA) 2017 ပွဲတွင် Platinum Award ကိုလည်းကောင်း ဆုများရရှိ ခဲ့သည့်အပြင် အခြားနိုင်ငံတကာရုပ်ရှင်ပွဲတော်များတွင် လည်း ပြသရန် ရွေးချယ်ခံရကြောင်း သိရသည်။

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ကားကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ–မုဒြာရဲ့ခေါ်သံ Facebook)

“မုဒြာရဲ့ခေါ်သံ”ဇာတ်ကားကို Central Base ရုပ်ရှင် ထုတ်လုပ်ရေးမှထုတ်လုပ်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးကာ သရုပ်ဆောင် ဇာဏ်ခီ၊ လှယဉ်ကျေးနှင့် နန်းဝေဝေထွန်းအပါအဝင် အခြားသော သရုပ်ဆောင်များ ပါဝင်သည့် ချစ်ခြင်းမေတ္တာဘွဲ့ဇာတ်လမ်းတစ်ခုဖြစ် ကြောင်း၊ ၎င်းဇာတ်ကားတွင် မြန်မာနိုင်ငံမှမြင်တွေ့ရခဲသော သဘာဝရှုခင်းများကို ရိုက်ကူးထားကြောင်း သိရသည်။

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ကားကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ–မုဒြာရဲ့ခေါ်သံ Facebook)

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ကားကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ–မုဒြာရဲ့ခေါ်သံ Facebook)

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ကားကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ–မုဒြာရဲ့ခေါ်သံ Facebook)

တရုတ်ရွှေကြက်-ရာပန်းရုပ်ရှင်ပွဲတော်ကို China Film Association (CFA) က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ၁၉၉၂ ခုနှစ်မှစတင်၍ “Golden Rooster Award” နှင့် “Hundred Flower Award” များ ချီးမြှင့်ခဲ့ကြောင်း၊ “Golden Rooster Award” သည် တရုတ်နိုင်ငံ၏အမြင့်ဆုံး Professional ဆုဖြစ်ပြီး “Hundred Flower Award” သည် ပရိသတ် အကြိုက်အများဆုံးဖြစ်သည့် ဇာတ်ကားကိုပေးအပ်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာမှထုတ်လုပ်သော ရုပ်ရှင် ဇာတ်ကားများကို တစ်နေရာတည်းတွင် ပြသနိုင်ခြင်းနှင့် ယင်းဇာတ်ကားထုတ်လုပ်သူများ၊ သရုပ်ဆောင်များ အနေဖြင့် ၎င်းတို့၏အတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေးဖလှယ်နိုင်ခြင်းများသည် အဆိုပါပွဲတော်၏ ထူးခြားသော ဝိသေသတစ်ခုဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော (၁၉) ကြိမ်မြောက် တရုတ်ရွှေကြက်-ရာပန်း ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ “အတိတ်၏အရိပ်”ရုပ်ရှင် ဇာတ်ကားပြသခဲ့ရာ သရုပ်ဆောင်အောင်သူရက အမျိုးသား ဇာတ်ဆောင်ဆုရရှိခဲ့ကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.