Connect with us

Social

မြန်မာ နိုင်ငံ ရေဘေးသင့် ဒေသပြန်လည် ထူထောင်ရေး ပရဟိတ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် တရုတ်-မြန်မာ အနုပညာရှင်များ ပူးပေါင်းတင်ဆက်မည်

“ Support Myanmar” ပရဟိတ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ဖိတ်ကြားလွှာ

ရန်ကုန် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ အနုပညာရှင်များ ပူးပေါင်းတင်ဆက်မည့် “ Support Myanmar” မြန်မာနိုင်ငံ ရေဘေးသင့် ဒေသပြန်လည် ထူထောင်ရေး ပရဟိတ ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲကြီးအား မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း တို့မှ ပူးပေါင်း၍ ယနေ့ည ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ကျင်းပမည် ဖြစ်သည်။

ရေဘေးသင့် ဒေသ ပြန်လည် ထူးထောင်ရေး ပရဟိတ ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲ သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဌ ဦးစိန်ဝင်းအောင် ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း ဒုတိယ ဥက္ကဌ ဖျန်ဖမ့်၊ မြန်မာ နိုင်ငံ မှ နာမည်ကြီး အနုပညာရှင်များ နှင့် တရုတ် နိုင်ငံ မှ အနုပညာရှင် ၆၀ ဦး ကျော် လာရောက်ကြမည် ဖြစ်သည်။

မြန်မာ နိုင်ငံ သည် နှစ် ၅၀ ကျော်ကာလ အတွင်း အဆိုးရွားဆုံးသော ရေးဘေး ဒုက္ခ နှင့် ကြုံတွေ့ခဲ့ရပြီး ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၄ ခု တွင် ၁၂ ခုမှာ ရေဘေး ဒုက္ခ ကြုံတွေ့ခဲ့ရသည်။ ရာနှင့်ချီသော မြန်မာ နိုင်ငံ ပြည်သူများ သေဆုံးခဲ့ရပြီး သန်းနှင့်ချီသော ပြည်သူ များ ဒုက္ခ ရောက်ခဲ့ကြသည်။ လယ်ဧက ပေါင်း ၁.၂ သန်းခန့် ရေလွှမ်းမိုး ခဲ့ပြီး အိုးအိမ် နှင့် လမ်းတံတား များစွာ ပျက်ဆီး ခဲ့ရသည်။ ပြည်သူလူထု မှ ရေ/မီး ပျက်လက်မှု အစားအစာ ပျက်လက်မှု များ နှင့်ကြုံတွေ့ခဲ့ရသည်။ လက်ရှိချိန် တွင် ရေလွှမ်းမိုးမှု ပြန်လည်လျော့ကျသွားသော်လည်း သို့တော် ပိုမို ကြီးမား သည့် ပြန်လည် ထူထောင်ရေး လုပ်ငန်း စိန်ခေါ်မှု ကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ထို့ကြောင့် ယခု ဂီတ ဖျော်ဖြေပွဲ မှ တစ်ဆင့် မြန်မာ နိုင်ငံ ရေဘေး ပြန်လည် ထူထောင်ရေး လုပ်ငန်း အတွက် အထောက်အကူ ဖြစ်စေရန် ရန်ပုံငွေ ပွဲကြီး ကျင်းပ ရခြင်း ဖြစ်သည်။

ရေဘေးသင့် ဒေသ များအတွက် လှူဒါန်းမှု များပြုလုပ် လိုလျှင် အစီအစဉ် ထုတ်လွှင့်နေချိန် အတွင်း ဖုန်းနံပတ် ၀၉ ၂၆၁၄၄၂၆၆၁ မှ ၀၉ ၂၆၁၄၄၂၆၆၅ သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရှိရပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.