Connect with us

Africa & Middle East

ဆီးရီးယားစစ်တပ်က ဆီးရီးယား-အီရတ်နယ်စပ်ရှိ နယ်မြေအမြောက်အမြားကို ပြန်လည်သိမ်းပိုက်နိုင်

ဆီးရီးယားစစ်တပ်မှပြန်လည်သိမ်းပိုက်ခဲ့သော အရှေ့ Ghouta ဒေသ ကို တွေ့ရစဉ် (ဆင်ဟွာ )

ဒမတ်စကပ်စ် ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

မကြာသေးမီကာလက ဆီးရီးယားနှင့်အီရတ်နယ်စပ်ရှိ IS အစွန်းရောက်အဖွဲ့တပ်ကျန်များ ကို ရှင်းလင်းခဲ့ပြီး နယ်မြေ စတုရန်းကီလိုမီတာ ၁၈၀၀ ခန့်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆီးရီးယား စစ်တပ်က ဇွန် ၂၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

အဆိုပါကြေညာချက်တွင် ဆီးရီးယား အစိုးရတပ်က မဟာမိတ်တပ်နှင့်အတူ Deir al-Zour ပြည်နယ် အရှေ့ပိုင်း ဆီးရီယား-အီရတ်နယ်စပ်ဒေသရှိ ISများစုစည်းရာနေရာကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ IS အစွန်းရောက် တပ်ကျန်အမြောက်အမြားကို ရှင်းလင်းနိုင်ခဲ့ပြီး ၎င်းတို့၏တိုက်ခိုက်ရေး ပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ al-Bukamal အနောက်ဘက်ရှိ နယ်မြေ စတုရန်းကီလိုမီတာ ၁၈၀၀ ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆီးရီးယားစစ်တပ်က ကန္တာရဒေသများတွင် ISအင်အားစုများကို စစ်ရေးအရတိုက်ခိုက်ချေမှုန်းမှုများ နေ့စဉ် ပြုလုပ်လျက်ရှိပြီး ဆုံးရှုံးထားသည့်နယ်မြေများကို အဆက်မပြတ် ပြန်လည်သိမ်းပိုက်လျက် ရှိကြောင်း ဆီးရီးယားသတင်းဌာနများ၏ဖော်ပြချက်များအရ သိရသည်။

ယခုနှစ်ပိုင်းများတွင် ဆီးရီးယားအစိုးရတပ်နှင့် ဆီးရီးယား ဒီမိုကရက်တစ်တပ်က ISများကို စစ်ရေးအရ တိုက်ခိုက်မှုများ အကြီးအကျယ်ပြုလုပ်လျက်ရှိရာ ဆီးရီးယားနိုင်ငံအတွင်း ISတို့က ထိန်းချုပ်ထား သည့်နယ်မြေအများစု ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဆီးရီယားအစိုးရတပ်က ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ISတို့၏ နောက်ဆုံးတပ်စခန်းရှိရာ al-Bukamal ကို ပြန်လည်သိမ်းပိုက်ခဲ့သည်။ လက်ရှိတွင် ဆီးရီးယားအရှေ့ပိုင်း ကန္တာရဒေသများတွင် IS တပ်ကျန်များရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)