Africa & Middle East
နိုင်ဂျီးရီးယား နိုင်ငံ မြို့တော် တွင် တိုက်ခိုက်မှု ဖြစ်ပွား ရဲတပ်ဖွဲ့ဝင် ၇ ဦး သေဆုံး
အဘူဂျာ ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
နိုင်ဂျီးရီးယား နိုင်ငံ မြို့တော် အဘူဂျာ တွင် ဇူလိုင်လ ၂ ရက် ညပိုင်းအချိန် ၌ ရဲ တပ်ဖွဲ့ အား ဦးတည်၍ တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွား ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၇ ဦး သေဆုံး ခဲ့ရကြောင်း သိရှိရသည်။
နိုင်ဂျီးရီးယား နိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ရဲတပ်ဖွဲ့ အနေဖြင့် ဇူလိုင် ၂ ရက် ညပိုင်း အချိန်တွင် အဘူဂျာမြို့ လမ်းဆုံ တစ်ခု ၌ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ၏ တိုက်ခိုက်မှု ကို ခံခဲ့ရခြင်း ဖြစ်ကြောင်း ၊ တိုက်ခိုက်မှု ဆောင်ရွက်သည့် အဖွဲ့အစည်း နှင့် တိုက်ခိုက်ရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။
ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ အခင်းဖြစ်ပွားရာ ဒေသတွင် မကြာခဏ လုယက်မှုများ ဖြစ်ပွား လေ့ရှိသောကြောင့် ရဲတပ်ဖွဲ့ အနေဖြင့် တပ်ဖွဲ့ အင်အား ပိုမို ချထားမှုများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။(Xinhua)