Connect with us

Africa & Middle East

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် အား အကျင့်ပျက်ခြစားမှု တွင် ပါဝင်ကြောင်း သံသယ ရှိသဖြင့် ရဲတပ်ဖွဲ့ က ခေါ်ယူစစ်ဆေး

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုစလင် ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ က အောက်တိုဘာ ၅ ရက် ၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu အား အကျင့်ပျက်ခြစားမှု တွင် ပါဝင်ကြောင်း သံသယ ရှိသဖြင့် ခေါ်ယူစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အစ္စရေး နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ယခု အကြိမ် အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် မှ အကျင့်ပျက်ခြစားမှု နှင့် ပတ်သက်၍ ခေါ်ယူ စစ်ဆေးခံရခြင်း မှာ ၁၂ ကြိမ်မြောက် ခေါ်ယူ စစ်ဆေးခံရခြင်း ဖြစ်ပြီး ယခု အကြိမ်တွင် အချိန် ၅ နာရီကြာ ခေါ်ယူ စစ်ဆေးခံခဲ့ရကြောင်း သိရှိရသည်။အစ္စရေး နိုင်ငံ ဝန်ကြီးချုပ်ရုံး က အောက်တိုဘာ ၅ ရက် ၌ ထုတ်ပြန် ခဲ့သည့် ကြေညာချက်တွင် ရဲတပ်ဖွဲ့ မှ ဝန်ကြီးချုပ် အား ခေါ်ယူစစ်ဆေးခြင်း သည် မည်သည့် လက်တွေ့ကျသော အချက်အလက် မှ မတည်ရှိကြောင်း ပါဝင် ခဲ့သည်။အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် အနေဖြင့် ကုန်သည်ကြီးများ ထံမှ လာဘ်ငွေ နှင့် ပစ္စည်းများ လက်ခံခဲ့ပြီး ၎င်းတို့အား အကျိုးစီးပွား ဖြစ်ထွန်းရန် အတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော နည်းလမ်းဖြင့် ဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ က သံသယ ရှိခဲ့ပြီး ယင်းကိစ္စရပ်များ နှင့် ပတ်သက်၍ အစ္စရေး နိုင်ငံ ဝန်ကြီးချုပ်ရုံး က ပတ်သက်မှု မရှိဟု ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရှိရသည်။ (Xinhua)