Connect with us

Africa & Middle East

ဆီးရီးယားတွင် အပစ်အခတ် ရပ်စဲရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ရောက်ရှိရေး ဆီးရီးယား ထောက်ပံ့ရေးအဖွဲ့များ ဆွေးနွေး

ရုရှား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov (ဝဲ)၊ ဆီးရီးယားနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးသံ Staffan de Mistura (လယ်) နှင့် အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ (ယာ) တို့အား သတင်းစာ ရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

မြူးနစ်ရှ်၊ ဂျာမနီ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

ဆီးရီးယား ထောက်ပံ့ရေးအဖွဲ့ အစည်းအဝေးတွင် ပါဝင်သော ထိပ်တန်း သံတမန်နှစ်ဦးက စစ်ဒဏ်ခံနေရသော ဆီးရီးယားနိုင်ငံ၌ နိုင်ငံတစ်ဝန်း စစ်ပွဲများ မကြာမီ ရပ်တန့်ရေး အကောင်အထည်ဖော်ရန် သဘောတူခဲ့ကြသည်။

၎င်း အစည်းအဝေးအား ဆီးရီးယား ထောက်ပံ့ရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့ဝင်များ ဖြစ်သည့် အမေရိကန်နှင့် ရုရှားနိုင်ငံတို့က ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး ဆီးရီးယားသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ တိုးမြှင့် ပို့ဆောင်ပေးနိုင်ရေး သဘောတူခဲ့ကြသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တစ်ပတ်အတွင်း တိုက်ခိုက်မှုများ ရပ်ဆိုင်းရေးအတွက် ဆီးရီး ယားနိုင်ငံတစ်ဝန်း ဆောင်ရွက်သွားခြင်းဖြင့် အကြမ်းဖက်မှု လျော့ကျရေးနှင့် စစ်ဘေးဒဏ်ဝန်းရံခံနေရသော အရပ်သားများထံ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပို့ဆောင်ရေးကို ပြုလုပ်မည်ဟု သတင်း ထောက်များအား ဖေဖော်ဝါရီလ ၁၂ ရက် အစောပိုင်းက ပြောကြားခဲ့သည်။

ထို့ပြင် အပစ်အခတ်ရပ်စဲရေးအား စိစစ်ရန်နှင့် စောင့်ကြည့်ရန် နည်းလမ်းများ အပါအဝင် ငြိမ်းချမ်းရေး သဘော တူညီချက်နှင့်ဆိုင်သည့် အသေးစိတ် အချက်အလက်များ၊ လုပ်ဆောင်ချက်များကိုလည်း ကယ်ရီက ဖြည့်စွက် ပြောကြားခဲ့သည်။

ဂျီနီဗာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား အစောဆုံး ပြန်စနိုင်ရေး အတွက်လည်း ပါဝင်ဆွေးနွေးသူများအား ဖိတ်ခေါ် ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.