Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ တွင် အသေခံ ဗုံးခွဲမှုကြောင့် လူပေါင်း ၆၀ သေဆုံးကာ ၇၈ ဦး ဒဏ်ရာရရှိ

ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အဘူဂျာ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း ရှိ ဒုက္ခသည် စခန်းတစ်ခုတွင် အသေခံ ဗုံးခွဲမှု နှစ်ခု ဖြစ်ပွားခဲ့မှုကြောင့် လူပေါင်း ၆၀ ဦးနီးပါး သေဆုံးပြီး ၇၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှု များသည် ဘော်နိုပြည်နယ် မိုင်ဒူဂူရီ မြို့ မှ ၉၀ ကီလိုမီတာ အကွာ ရှိ ဒိကွမြို့တွင် ဖေဖော်ဝါရီလ ၉ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်နယ် အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီ ၏ ဥက္ကဋ္ဌ ဆာတိုမီ အာမတ် က အမျိုးသမီး အသေခံ ဗုံးခဲ့သူ နှစ်ဦး သည် ဒုက္ခသည် စခန်းအတွင်းသို့ တိတ်တဆိတ် ဝင်ရောက် လာပြီး စခန်းအလယ်၌ အသေခံ ဗုံးခွဲမှု ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အေဂျင်စီ၏ တရားဝင် ထုတ်ပြန်ချက် အရ ဒဏ်ရာ ရရှိသူများအား ပြည်နယ် အတွင်းရှိ ပြည်သူ့ဆေးရုံများသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ထုတ်ပြန်ချက် အရ ဒုက္ခသည်များ ရိက္ခာ ထုတ်ယူရန် တန်းစီ စောင့်ဆိုင်းနေစဉ် ထိုသို့ ဖြစ်ပျက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးဖောက်ခွဲမှုအား မည်သည့် အဖွဲ့က ပြုလုပ်ခြင်းဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခြင်းမရှိသော်လည်း ဒေသခံပြည်သူများက နိုင်ဂျီးရီးယား အခြေစိုက် ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ လက်ချက်ဖြစ်နိုင်သည်ဟု ယူဆကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.