Connect with us

Africa & Middle East

ဆော်ဒီအာရေဗျတွင် နိုင်ငံ ၂၀ စုပေါင်း စစ်ရေးပြပွဲ ပြုလုပ်ရန် ပြင်ဆင်

စစ်ရေး လေ့ကျင့်နေသည့် ဆော်ဒီ စစ်သားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

နိုင်ငံပေါင်း ၂၀ မှ စစ်တပ်များ သည် စုပေါင်း စစ်ရေး ပြပွဲ ပြုလုပ်ရန် ဆော်ဒီ အာရေဗျနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း ဆော်ဒီ သတင်းဌာနက ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြောကြားခဲ့သည်။

သတင်းဌာန က အဆိုပါ စစ်ရေးပြပွဲ အား “မြောက်ပိုင်း၏ မိုးခြိမ်းသံ” အဖြစ် တင်စား ခေါ်ဝေါ်ခဲ့ပြီး မြေပြင်၊ ဝေဟင် နှင့် ရေတပ် အင်အားစုများ ပါဝင်သည့် ဒေသတွင်း အရေးကြီးဆုံးသော စစ်ရေး လေ့ကျင့်မှု အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

အာရေဗီယန် ပင်လယ်ကွေ့ အတွင်း ပြုလုပ်ခဲ့သည့် စစ်ရေးပြမှုများ အနက် ပါဝင်သည့် နိုင်ငံ အများဆုံးနှင့် စစ်ရေး လက်နက် မျိုးစုံ အသုံးပြုသည့် အကြီးဆုံးသော စစ်ရေးုပြ တစ်ခု ဖြစ်ကြောင်း သိရသည်။

စစ်ရေးပြမှု က ဆော်ဒီ နှင့် မဟာမိတ် များသည် ဒေသတွင်း စိန်ခေါ်မှုများကို စုပေါင်း ရင်ဆိုင်သွားရန် ရည်ရွယ်ကြောင်း သိရသည်။

ပင်လယ်ကွေ့ နိုင်ငံ ခြောက်နိုင်ငံ ဖြစ်သည့် ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ အိုမန်၊ အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE)၊ ဘာရိန်း နှင့် ကွာတာ တို့အပြင် ချတ်ဒ်၊ အီဂျစ်၊ ဂျော်ဒန်၊ မလေးရှား၊ မော်ရိုကို၊ ပါကစ္စတန်၊ ဆီနီဂေါ နှင့် တူနီးရှား စသည့် နိုင်ငံများ ပါဝင်ကြောင်း သိရသည်။

ဆော်ဒီ အာရေဗျသည် ၎င်း၏ နိုင်ငံတကာ မဟာမိတ်များ နှင့် မြေပြင် ပူးပေါင်း လေ့ကျင့်မှုများ ပြုလုပ်ပြီး IS စစ်သွေးကြွ အုပ်စုအား တိုက်ခိုက်ရန် အတွက် ဆုံးဖြတ်ခြင်းဖြင့် စစ်ရေးပြမှု ဖြစ်ပေါ်လာကြောင်း သိရသည်။

စစ်ရေးပြမှုအား ရီယာ့ဒ်မြို့မြောက်ဖက် Hafr Al-Batin မြို့ရှိ King Khalid Military City တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.