Connect with us

Africa & Middle East

ဆီးရီးယား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှု ဖေဖော်ဝါရီလ၂၇ ရက် ပြန်စရန် အမေရိကန်၊ ရုရှား သဘောတူ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံတွင် ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြန်လည် စတင်မည့် အပစ်အခတ် ရပ်စဲရေးအတွက် အစီအစဉ် တစ်ခုအား အမေရိကန်နှင့် ရုရှားတို့က ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကြေညာလိုက်ကြောင်း အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီးဋ္ဌာနက ပြောသည်။

အဆိုပါ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်သည် အစ္စလာမ်မစ် စတိတ် (Islamic State) ဟု လူသိ များသည့် “Daesh” ၊ “Jabhat al-Nusra” နှင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက သတ်မှတ်ထားသော အခြား အကြမ်းဖက် အဖွဲ့အစည်းများနှင့် သက်ဆိုင်မည် မဟုတ်ကြောင်း ပူးတွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆီးရီးယား ပဋိပက္ခ ဒေသအတွင်းရှိ စေ့စပ် ညှိနှိုင်းလိုသော မည်သည့် အဖွဲ့အစည်းကိုမဆို ရုရှားနှင့် အမေရိကန် နိုင်ငံများက အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ၎င်းတို့၏ ကတိပြု လက်ခံထားမှုများအား ဖေဖော်ဝါရီလ ၂၇ ရက် ၁၂း၀၀ နာရီ (ဒမားစကက် စံတော်ချိန်) ထက် နောက်မကျစေဘဲ ညှိနှိုင်း ဆွေးနွေးမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်၌ ဖော်ပြထားသည်။

အပစ်အခတ် ရပ်စဲခြင်းသည် အကြမ်းဖက်မှုကို လျှော့ချခြင်း တစ်ခုအတွက်သာ မဟုတ်ဘဲ စစ်တပ်က ဝိုင်းထား သည့် ဧရိယာ အတွင်းသို့ အရေးပေါ် လိုအပ်နေသော လူသားချင်း စာနာထောက်ထားမှု အကူအညီများ တိုးချဲ့ ပို့ဆောင်နိုင်ရေးနှင့် ဆီးရီးယား ပြည်သူများ လိုလားသည့် အစိုးရ တစ်ခုသို့ နိုင်ငံရေး အသွင်ကူးပြောင်းမှု တစ်ခု အား ထောက်ပံ့ပေးရန် အတွက်လည်း ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) က ပြောသည်။

မော်စကိုနှင့် ဝါရှင်တန် အကြား အရေးပေါ် ဆက်သွယ်ရေးလိုင်း တစ်ခုနှင့် အပစ်အခတ် ရပ်စဲပြီး နောက်ဆက်တွဲ ဖြစ်လာမည့် ဆက်စပ် သတင်း အချက်အလက်များ ဖလှယ်မည့် အလုပ်အဖွဲ့ တစ်ခုအား တည်ထောင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.