Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ တွင် ရွေးကောက်ပွဲ ကျင်းပ သည့် အချိန်ထိ တူရကီ နိုင်ငံ တပ်ဖွဲ့ဝင် များ ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း ပြောကြား

တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoğan အား အခမ်းအနား တစ်ခု တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

အစ္စတန်ဘူလ် ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ တွင် ရွေးကောက်ပွဲ ကျင်းပသည့် အချိန်ထိ တူရကီ နိုင်ငံ တပ်ဖွဲ့ဝင် များ က ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoğan က အောက်တိုဘာ ၄ ရက် ၌ ပြောကြား ခဲ့သည်။

တူရကီ နိုင်ငံ သမ္မတ Erdoğan က အခမ်းအနား တစ်ခု တွင် ဆီးရီးယား နိုင်ငံ ပြည်သူလူထု တို့ က ရွေးကောက်ပွဲ ကျင်းပ သည့် အချိန်တွင် ဆီးရီးယား နိုင်ငံ အား ပိုင်ဆိုင်သူ ထံသို့ ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂ နှစ်တာ ကာလ အတွင်း တူရကီ နိုင်ငံ က ဆီးရီးယား နိုင်ငံ မြောက်ပိုင်း ဒေသ တွင် စစ်ရေး ဆောင်ရွက်မှု များစွာ ပြုလုပ်ခဲ့ပြီး ဆီးရီးယား နိုင်ငံ ရှိ Afrin အပါအဝင် မြို့များအား ထိန်းချုပ် ခဲ့သည်။ တူရကီ ၊ ရုရှား နှင့် အီရန် ၃ နိုင်ငံ တို့ ဆွေးနွေးညှိနှိုင်းမှု မှ ရရှိခဲ့သည့် သဘောတူညီချက်ဖြင့် တူရကီ နိုင်ငံ က ဆီးရီးယား နိုင်ငံ Idlib ပြည်နယ် တွင် စောင့်ကြည့်လေ့လာရေး စခန်းပေါင်း ၁၂ ခု ထားရှိခဲ့သည်။

စက်တင်ဘာ ၂၉ ရက် တွင် ကုလသမဂ္ဂ ၌ ကျင်းပ ပြုလုပ်ခဲ့သည့် အစည်းအဝေး တွင် ဆီးရီးယား နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေး ဝန်ကြီး က ဆီးရီးယား နိုင်ငံ အစိုးရ ၏ ခွင့်ပြုချက် မရှိဘဲ နိုင်ငံ နယ်နိမိတ် အတွင်းသို့ ရောက်ရှိနေသည့် ပြည်ပ တပ်ဖွဲ့ဝင်များ ချက်ချင်း ထွက်ခွာပေးရန် တောင်းဆို ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.