Connect with us

Africa & Middle East

ရုရှား နိုင်ငံ က မဟာဗျူဟာ ဗုံးကြဲလေယာဉ် ဖြင့် ဆီးရီးယား နိုင်ငံ အတွင်းရှိ IS အစွန်းရောက် အဖွဲ့ ကို ဒုံးကျည် များဖြင့် တိုက်ခိုက်

ရုရှား နိုင်ငံ မှ Tu-95 MS မဟာဗျူဟာ ဗုံးကြဲလေယာဉ် အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မော်စကို ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန က ဇူလိုင်လ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဗီဒီယို ဖိုင်တစ်ခုတွင် ရုရှား နိုင်ငံ မှ Tu-95 MS မဟာဗျူဟာ ဗုံးကြဲလေယာဉ် သည် ခရုဇ် ဒုံးကျည်ဖြင့် ဆီးရီးယား နိုင်ငံ အတွင်းရှိ IS အစွန်းရောက်အဖွဲ့ စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

ဗီဒီယိုဖိုင် တွင် တိုက်ခိုက်ခဲ့သည့် အချိန်ကို မသိရှိခဲ့ရသော်လည်း ရုရှား နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ရုရှား နိုင်ငံ မှ Tu-95 MS မဟာဗျူဟာ ဗုံးကြဲလေယာဉ် က IS အစွန်းအရောက် အဖွဲ့ ၏ တပ်စခန်း များကို X-101 ခရုဇ် ဒုံးကျည် များဖြင့် ပစ်ခတ်ခဲ့ရာ အကြီးစား လက်နက် သိုလှောင်ရုံ ၃ ခု နှင့် ညွှန်ကြားရေး စင်တာ တစ်ခု ကို အောင်မြင်စွာ ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုပြင် သတင်းဖော်ပြချက်များအရ Tu-95 MS မဟာဗျူဟာ ဗုံးကြဲလေယာဉ် သည် တိုက်ခိုက်မှု စစ်ဆင်ရေး ဆောင်ရွက်နေစဉ် အတွင်း ဝေဟင်၌ လောင်စာ ဖြည့်ခြင်း ဆောင်ရွက်ခဲ့ပြီး စစ်ဆင်ရေး အတွင်း Tu-95 MS မဟာဗျူဟာ ဗုံးကြဲလေယာဉ် အား ရုရှား နိုင်ငံ Su-30 SM နှင့် Su – 35 တိုက်လေယာဉ် များမှ စစ်ဆင်ရေး တစ်လျှောက်လိုက်ပါ၍ ကာကွယ်မှု ဆောင်ရွက်ပေးခဲ့ကြောင်း ၊ အောင်မြင်စွာ တိုက်ခိုက်ပြီးနောက်တွင် သို့ လုံခြုံစွာ တပ်စခန်းတို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.