Connect with us

Africa & Middle East

ဆီးရီးယားမြောက်ပိုင်းတွင် တူရကီက ဆောင်ရွက်နေသော စစ်ရေးနေရာချထားမှုများသည် ကျူးကျော်သည့် အပြုအမူဖြစ်သည်ဟု ဆီးရီးယားပြော

တူရကီ နိုင်ငံ မှ ထောက်ခံပေးသည့် ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ဝင် တစ်ဦးအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကက်စ် ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန က လက်တလောတွင် တူရကီ နိုင်ငံ မှ ဆီးရီးယား နိုင်ငံ မြောက်ပိုင်း ဒေသအတွင်း ဆောင်ရွက်ခဲ့သော စစ်ရေးနေရာချထားမှု သည် ဆီးရီးယားနိုင်ငံ ကို ကျူးကျော်သည့် ဆောင်ရွက်မှု ဖြစ်ကြောင်း ဇူလိုင်လ ၆ ရက်နေ့ ၌် ပြောကြား ခဲ့သည်။

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန သည် ဇူလိုင်လ ၆ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ နှင့် အထွေထွေအတွင်းရေးမှူးချုပ် ထံသို့ စာပို့ခဲ့ပြီး ကုလသမဂ္ဂ အနေဖြင့် တူရကီ နိုင်ငံ ၏ ဆောင်ရွက်မှု နှင့် ပတ်သက်၍ မျက်ကွယ်ပြုခြင်း ကို ရပ်တန့်ရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန က နိုင်ငံခြားရေး ဝန်ကြီးဌာန မှ ပေးပို့သည့် စာအရ ရေးသားဖော်ပြခဲ့သည့် သတင်းတွင် တူရကီ နိုင်ငံ သည် ဆီးရီးယား နိုင်ငံ အတွင်းရှိ မြို့များ၌ စစ်တပ်များချထားခြင်းသည် နိုင်ငံတော်ကို ကျူးကျော်ရာရောက်ပြီး နိုင်ငံတကာ ဥပဒေ ၊ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်များ နှင့် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ် တို့ကို ချိုးဖောက်ရာရောက်ကြောင်း ၊ ဒေသတွင်း နှင့် အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ၊ တည်ငြိမ်အေးချမ်းရေး တို့ကို ဆိုးရွားစွာ ခြိမ်းခြောက်ကြောင်း ရေးသား ဖော်ပြခဲ့သည်။

ယခု ရက်ပိုင်းတွင် တူရကီ နိုင်ငံ က ဆီးရီးယား နိုင်ငံတွင်း စစ်တပ်ချထားမှု ကို တိုးမြှင့်ခဲ့ပြီး တူရကီ နိုင်ငံ သမ္မတ မှလည်း ဇွန်လ ၃ ရက်နေ့က တူရကီ နိုင်ငံ တပ်ဖွဲ့ အနေဖြင့် ဆီးရီးယား Kurds လက်နက်ကိုင် တပ်ဖွဲ့ ၏ တိုက်ခိုက်မှု ကိုခံရပါက ဆီးရီးယား နိုင်ငံ အတွင်း စစ်ရေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.