Connect with us

Africa & Middle East

ဗဟို အာဖရိက သမ္မတ နိုင်ငံ တွင် ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့ရာ လက်ရှိချိန်တွင် အနည်းဆုံး ၇၇ ဦး သေဆုံး

ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့သည့် ဗဟို အာဖရိက သမ္မတ နိုင်ငံ အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ယာအန်ဒီ ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ဗဟို အာဖရိက သမ္မတ နိုင်ငံ ရဲတပ်ဖွဲ့ က နိုင်ငံ အလယ်ပိုင်းတွင် ဆိုးရွားသည့် ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး ၇၇ ဦးသေဆုံး စေခဲ့ကြောင်း ကို ဇူလိုင် ၅ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ခရီးသည် နှင့် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ကား တစ်စင်း သည် နိုင်ငံအလယ်ပိုင်းတွင် မောင်းနှင်နေစဉ် တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ပြီး ၇၇ ဦးသေဆုံးခဲ့ကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး အချို့ဒဏ်ရာအခြေအနေမှာ စိုးရိမ် ရကြောင်း ထုတ်ပြန်ခဲ့သည် ဟု သိရှိရသည်။

နယ်စည်းမခြားဆရာဝန်များအသင်း ၏ ပြောကြားချက်အရ လူပေါင်း ၆၀ ခန့်သည့် ဒဏ်ရာရရှိသဖြင့် ဆေးရုံ သို့ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ကနဦး စစ်ဆေးမှု များအရ ယာဉ်မတော်တဆ ဖြစ်ပွား ခဲ့ရခြင်း သည် သတ်မှတ်အရှိန် နှင့် ဝန်တင်ဆောင်မှု များ ကျော်လွန်ခဲ့သောကြောင့် ဖြစ်ကာ ရဲတပ်ဖွဲ့ မှ ဆက်လက် စုံစမ်းနေကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ ဒေသတွင်း ခရီးသွားလာရေး အရင်းအမြစ် ရှားပါးမှု ၊ အရှိန်လွန် မောင်းနှင်မှု နှင့် ဝန်ပိုတင်ဆောင်မှု တို့ကြောင့် ယာဉ်မတော်တဆမှု များ မကြာခဏ ဖြစ်ပွား ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.