Connect with us

Africa & Middle East

အလက်ပို တွင် ဓါတုလက်နက်များ သုံးစွဲခဲ့ခြင်းမှာ မမှန်ကန်ကြောင်း ဆီးရီးယား အစိုးရ ငြင်းဆို

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒမတ်စကတ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ် တွင် စစ်တပ်က ဓါတုဓါတ်ငွေ့လက်နက်အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းမှာ မှန်ကန်မှုမရှိဟု ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က ငြင်းဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းဋ္ဌာန SANA ကဖော်ပြခဲ့သည်။

ဝန်ကြီးဋ္ဌာန က ဆီးရီးယား စစ်တပ်သည် သူပုန်များ ထိန်းချုပ်ထားသော Sukkary ရပ်ကွက်အတွင်း မည်သည့် ဓါတ်ငွေ့ကိုမျှ အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး ယင်းနှင့်ပတ်သက်သော စွပ်စွဲချက်များသည် စက်တင်ဘာ ၇ ရက်ကထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
ဝန်ကြီးဋ္ဌာန က ဆီးရီးယားသူပုန်များ၊ ၎င်းတို့၏ ဒေသတွင်းနှင့် နိုင်ငံတကာမှ ကျောထောက်နောက်ခံများအား ဆီးရီးယား ပြည်သူများကို ဓါတ်ငွေ့ဖြင့် တိုက်ခိုက်မှုများ နှင့် ပတ်သက်၍ စွပ်စွဲပြစ်တင်ပြောဆိုခဲ့ကြောင်း သိရသည်။
၎င်းက ဓါတုဗေဒလက်နက်များသုံးစွဲမှု တားမြစ်ခြင်းဆိုင်ရာ အဖွဲ့အစည်း နှင့် ပူးပေါင်း၍ အဆိုပါ ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးရန် အသင့်ဖြစ်နေကြောင်း ထပ်မံပြောကြားခဲ့သည်။
အစောပိုင်းနေ့များတွင် တက်ကြွလှုပ်ရှားသူများက အလက်ပိုမြို့ ရှိ Sukkary ရပ်ကွက်အတွင်း ဆီးရီးယား စစ်တပ်က ကလိုရင်းဓါတ်ငွေ့အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်းနှင့် ယင်းတိုက်ခိုက်မှုကြောင့် ပြည်သူများသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများခံစားခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.