Connect with us

Africa & Middle East

ယူအေအီးရှိ မိုးမျှော်တိုက် မီးလောင်မှု ဖြစ်ပွား၊ ထိခိုက်မှုများအား မသိရသေး

Ajman မြို့ လူနေအိမ် အဆောက်အအုံ မီးလောင်ကျွမ်းနေစဉ် (ဓာတ်ပုံ- အင်တာနက်)

ဒူဘိုင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ)

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ရှိ Ajman မြို့တွင် လူနေအိမ် အဆောက်အအုံ အနည်းဆုံး နှစ်ခု၌ မတ်လ ၂၈ ရက် ညက မီးလောင်ကျွမ်းခဲ့ပြီး ထိခိုက် သေဆုံးမှုစာရင်းကိုမူ မသိရသေးကြောင်း Gulf သတင်း ဌာန သတင်းများအရ သိရသည်။

Ajman မြို့ရှိ တာဝါ ၁၂ လုံးပါ လူနေအဆောက်အအုံ အစုအဝေးတစ်ခုတွင် မီးလောင်ကျွမ်းခဲ့ရာ ယင်း အဆောက် အအုံရှိ တာဝါ တစ်လုံးမှာ အဓိက ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထိခိုက် ပျက်စီးမှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများက သတင်းအချက်အလက် မထုတ်ပြန်နိုင်သေးသော် လည်း တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ ထို အဆောက်အအုံတွင် ငှားရမ်းနေထိုင်သူများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ပြောကြားခဲ့သည်။
ဒူဘိုင်းနှင့် အရှေ့မြောက် ၄၄ ကီလိုမီတာအကွာရှိ Ajman မြို့ ပြည်သူ့ကာကွယ်ရေး ဋ္ဌာနက မီး သတင်းအား ဒေသစံတော်ချိန် ည ၉း၄၅ နာရီတွင် လက်ခံရရှိခဲ့ပြီး ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်များအား အခင်း ဖြစ် ပွားရာ နေရာသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးတောက်ကြီးမှာ ညပိုင်းအထိ အခန်းပေါင်းများစွာအား လောင်ကျွမ်းနေခဲ့ပြီး ကြီးမားသည့် မီးတောက် များကြောင့် Ajman နှင့် Sharjah မြို့များတွင် လမ်းအသွားအလာ ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။
မီးလောင်ငြိမ်းသတ်မှု လုပ်ငန်းအား အသေးစိတ် ညွှန်ကြားနိုင်ရန် Ajman မြို့သို့ ယူအေအီး ဒုတိယ ဝန်ကြီးချုပ် နှင့် ပြည်ထဲရေးဝန်ကြီး သွားရောက်ခဲ့ကြောင်း သိရသည်။
ယူအေအီးနိုင်ငံတွင် မိုးမျှော်တိုက်များ၌ မီးလောင်ကျွမ်းမှုများမှာ ဖြစ်နေကျ ဖြစ်ပြီး နှစ်သစ်ကူး အကြိုညတွင် လည်း ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက် Burj Khalifa မျက်နှာချင်းဆိုင်ရှိ ၆၃ ထပ်ပါ အဆောက်အအုံ တစ်ခု မီးလောင်ကျွမ်းခဲ့ပါသေးသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.