Connect with us

Africa & Middle East

အဘူဒါဘီမြို့တော်က ကမ္ဘာ့ဘေးအကင်းဆုံးမြို့အဖြစ် Numbeo ဖော်ပြ

အဘူဒါဘီမြို့တော်အား တွေ့ရစဉ် (ဆင်ဟွာ)

ဒူဘိုင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ကမ္ဘာပေါ်တွင် ဘေးအကင်းဆုံးမြို့အဖြစ် အဘူဒါဘီမြို့အား ဒုတိယမြောက်အဖြစ် ကမ္ဘာလုံးဆိုင်ရာ အချက်အလက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Numbeo က ဖော်ပြထားကြောင်း အဘူဒါဘီမြို့တော် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဌာနက စက်တင်ဘာလ ၁၉ ရက်က ဖော်ပြထားသည်။

ယူအေအီးနိုင်ငံ၏ မြို့တော် အဘူဒါဘီမြို့သည် တိုကျို၊ ဂျပန်၊ ဘေဆဲလ်၊ မြူးနစ်နှင့် ဗီယင်နာ မြို့များအပါအဝင် ကမ္ဘာတစ်ဝန်းရှိမြို့ ၃၀၀ ကျော်အား ကျော်တက်သွားခဲ့ခြင်း ဖြစ်ကြောင်း Numbeo က ဖော်ပြထားခဲ့သည်။

ဘေးကင်းရေးအဆင့်များ ခန့်မှန်းခြေတွက်ချက်ကာ ကမ္ဘာလုံးဆိုင်ရာ ၃၃၈ မြို့အား အဆင့်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယူအေအီးနိုင်ငံ၏ ဘေးကင်းရေးအညွှန်းသည် ၂၀၁၇ ခုနှစ် ပထမနှစ်ဝက်အတွက် ၈၆.၄၆ ပွိုင့်ရှိခဲ့ရာမှ ယခုနှစ်တွင် ၈၈.၂၆ ပွိုင့် မြင့်တက်လာခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့မြို့တော်ရဲ့ ဘေးကင်းရေး ခိုင်မာတဲ့ ဂုဏ်သတင်းနဲ့ ပြစ်မှုကင်းမဲ့လုနီးပါး လူ့အဖွဲ့အစည်းတစ်ခုက ဘေးကင်းရေးဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့အညီ ခရီးသွားဧည့်သည်များ လာရောက်ရာနေရာအဖြစ် ယူအေအီးနိုင်ငံက အားထုတ်လုပ်ဆောင်ရာတွင် အထောက်အထားဖြစ်စေပါတယ်” အဘူဒါဘီမြို့တော် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဌာနက လက်ထောက်အတွင်းဝန် Saif Saeed Ghobash က ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ်က တည်ထောင်ထားခဲ့သည့် Numbeo သည် နိုင်ငံနှင့် မြို့များအကြား နေထိုင်မှု ကုန်ကျစရိတ် အကြောင်း အသုံးပြုသူများ၏ သတင်းအချက်အလက် ဝေမျှခြင်းနှင့် နှိုင်းယှဉ်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အွန်လိုင်းဒေတာဘေ့စ် တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.