Connect with us

Africa & Middle East

ယီမင်အစိုးရတပ်က ဟူသီလက်နက်ကိုင် ၁၈ ဦးအား ပစ်ခတ်ရှင်းလင်း

ယီမင် ဟူသီလက်နက်ကိုင်အချို့အား တွေ့ရစဉ်(ဆင်ဟွာ)

အက်ဒန်၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံ တောင်ပိုင်း Al Bayda ပြည်နယ်တွင် အစိုးရတပ်က ဟူသီလက်နက်ကိုင် ၁၈ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ယီမင်အစိုးရတပ်ဖွဲ့က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ဟူသီလက်နက်ကိုင်များသည် Al Bayda ပြည်နယ် Malajem ဒေသရှိ စစ်ရေးစခန်းတစ်ခုကို စက်တင်ဘာ ၁၉ ရက်က ပုန်းလျှို တိုက်ခိုက်ရန် ကြိုးစားခဲ့ရာ အစိုးရတပ်က အချိန်မီတွေ့ရှိပြီး တိုက်ခိုက်နိုင်ခဲ့ကြောင်း ၊ အပြန်အလှန် ပစ်ခတ်မှုများတွင် ဟူသီလက်နက်ကိုင် ၁၈ ဦးကို ပစ်ခတ် ရှင်းလင်းနိုင်ခဲ့ရာ ၎င်းတို့အနက် အချို့မှာ ဟူသီ အလတ်တန်းအဆင့် တပ်မှူးများဖြစ်ကြောင်း ယီမင် အစိုးရ၏ စက်တင်ဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ယီမင်ဟူသီလက်နက်ကိုင်များက မြို့တော် ဆာနားကို သိမ်းပိုက် ခဲ့ပြီးနောက် ယီမင်တောင်ပိုင်းဒေသများကို ထိန်းချုပ်နိုင်ခဲ့ရာ ယီမင်သမ္မတ Hadiမှာ ဆော်ဒီအာရေဗျ နိုင်ငံသို့ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လတွင် ဆော်ဒီအာရေဗျဦးဆောင်သော အာရပ်နိုင်ငံအချို့က ဟူသီလက်နက်ကိုင်များကို “Operation Decisive Storm”စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.