Connect with us

Africa & Middle East

တန်ဇန်းနီးယား နိုင်ငံ တွင် စက်လှေ တိမ်းမှောက်မှု ဖြစ်ပွား အနည်းဆုံး လူပေါင်း ၄၄ ဦး သေဆုံး

၂၀၁၁ ခုနှစ် စက်တင်ဘာ လ တွင် တန်ဇန်းနီးယား နိုင်ငံ ၌ ဖြစ်ပွား ခဲ့သည့် စက်လှေ တိမ်းမှောက်မှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒါအိစလန် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တန်ဇန်းနီးယား နိုင်ငံ အစိုးရ အရာရှိ တစ်ဦး ၏ ပြောကြားချက်အရ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း အချိန်တွင် နိုင်ငံ အနောက်မြောက်ပိုင်း Mwanza ပြည်နယ် တွင် စက်လှေတိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၄၄ ဦး သေဆုံးခဲ့ပြီး အများအပြား ပျောက်ဆုံးနေကြောင်း သိရှိရသည်။

Mwanza ပြည်နယ် အုပ်ချုပ်ရေးမှူး က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားခဲ့ရာတွင် စက်လှေတိမ်းမှောက်မှု ကြောင့် လူပေါင်း အနည်းဆုံး ၄၄ ဦး သေဆုံး ခဲ့ပြီး ၃၇ ဦး ကို ကယ်ဆယ် နိုင်ခဲ့ကာ လက်ရှိချိန်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

သတင်းဖော်ပြမှုများအရ စက်လှေတိမ်းမှောက်မှု က တန်ဇန်းနီးယား နိုင်ငံ အနောက်မြောက်ပိုင်း ရှိ Victoria မြစ် တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ စက်လှေ မှ ကမ်းကပ်မည့် အချိန်တွင် တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ထိုစဉ် စက်လှေ ပေါ်၌ ကုန်ပစ္စည်း နှင့် ခရီးသည် များ ပါရှိကြောင်း သိရသည်။

တန်ဇန်းနီးယား နိုင်ငံ တွင် စက်လှေ များ မှာ ဝန်ပို တင်ဆောင်ခြင်း နှင့် အိုဟောင်းခြင်း တို့ကြောင့် မတော်တဆမှု မကြာခဏ ဖြစ်ပွား လေ့ရှိပြီး ၂၀၁၁ ခုနှစ် စက်တင်ဘာ လ တွင် တန်ဇန်းနီးယား နိုင်ငံ ၌ ဖြစ်ပွား ခဲ့သည့် စက်လှေ တိမ်းမှောက်မှု တွင် လူပေါင်း ၂၀၀ ခန့် သေဆုံး ခဲ့ကြောင်း သိရှိရသည်။(Xinhua)