Connect with us

Asia

အင်ဒိုနီးရှား ရေပိုင်နက်ထဲသို့ ပြည်ပ ဒရုန်း ပြုတ်ကျ

ဒရုန်းတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Natuna ကျွန်းအနီး နိုင်ငံပိုင် ရေပိုင်နက်အတွင်း ပြည်ပနိုင်ငံက ဒရုန်းတစ်ခုအား အင်ဒိုနီးရှား လေတပ်က တွေ့ရှိခဲ့ကြောင်း လေတပ် ပြောရေးဆိုခွင့်ရှိသူက ဧပြီလ ၁ ရက်တွင် ပြောကြားလိုက်သည်။

ထိုလေယာဉ်အား မတ်လ ၃၁ ရက်က အင်ဒိုနီးရှားနိုင်ငံ Riau ပြည်နယ် ရေပိုင်နက်တွင် တွေ့ရှိခဲ့ပြီး ယင်းဒေသ အခြေစိုက် လေတပ် စခန်းထံသို့ ယူဆောင်လာခဲ့ကြောင်း အင်ဒိုနီရှား လေတပ် ပြောရေး ဆိုခွင့်ရှိသူ Dwi Badarmanto က ပြောသည်။

“ဒါက ကျွန်တော်တို့ လေယာဉ် မဟုတ်ပါဘူး၊ ပိုင်ရှင်ကို တွေ့အောင် ကြိုးစားရှာမှာပါ” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆင်ဟွာသို့ ဖုန်းကတဆင့် ပြောသည်။
လေယာဉ်အား စစ်ဆေးရန် အနောက် ဂျာဗားပြည်နယ်ရှိ လေတပ် သုတေသန စင်တာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.