Connect with us

Asia

ဂျပန်တွင် ဘတ်စ်ကားတစ်စီး နှင့် ကားတစ်စီး တိုက်မိမှုကြောင့် လူ ၂၃ဦးဒဏ်ရာရရှိ

ဂျပန်နိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဖူကူအိုကာစီရင်စု တွင် ဧပြီ ၁၇ ရက်က မီးသတ်သမား ၅၄ဦး ကို တင်ဆောင်လာသော ပုဂ္ဂလိက ဘတ်စ်ကားတစ်စီး နှင့် ကားတစ်စီး တိုက်မိခဲ့၍ လူ ၂၃ဦးအား ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ၎င်းတို့အနက် တစ်ဦးမှာ ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအရာရှိများ၏ ပြောကြားချက်အရ သိရသည်။

အသက် ၂၀ကျော် အရွယ်ရှိ ဘတ်စ်ကားဒရိုင်ဘာ ၏ တင်ပဆုံရိုးကျိုးသွားခဲ့ပြီး အခြားသူများတွင် ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း ပြည်တွင်းသတင်းများ၌ဖော်ပြခဲ့သည်။

ယာဉ်တိုက်မှုသည် ဖူကူအိုကာစီရင်စု အီဇူကာမြို့တွင် ဒေသစံတော်ချိန် နံနက် ရး၄၅နာရီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တစ်ဖက် ယာဉ်ကြောမှ မောင်းနှင်လာသော ကားတစ်စီးအား ဘတ်စ်ကားက တိုက်မိခြင်းဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ပြောကြားချက်အရ ဘတ်စ်ကားသည် စီရင်စုအတွင်းရှိ မီးသတ်သင်တန်းကျောင်းသို့ သွားရောက်နေခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.