Connect with us

Asia

မွမ်ဘိုင်းတွင် အဆောက်အဦ ပြိုကျ ၃ ဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရ

မွမ်ဘိုင်းမြို့ရှိ ပြိုကျခဲ့သည့် အဆောက်အဦအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ယနေ့ (ဒီဇင်ဘာလ ၁၅ ရက်) တွင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ အဆောက်အအုံ တစ်ခု ပြိုကျမှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြားလိုက်သည်။

အဆိုပါ အဆောက်အအုံ ပြိုကျမှုသည် မွမ်ဘိုင်းရှိ မဟာရက်ရှ်ထရာ နာဂါ နယ်မြေတွင် ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်များအား ရှာဖွေ တွေ့ရှိပြီး ဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ထားကြောင်း အဆိုပါ အမည်မဖော်လိုသူ ရဲအရာရှိက ပြောသည်။

မီးသတ်သမားများက ကယ်ဆယ်ရေး လုပ်ငန်းများအား ဆောင်ရွက်နေကြသလို အပျက်အစီးများအကြား ပိတ်မိနေသူများအား ကြိုးစား ရှာဖွေနေကြောင်း ဒေသခံ ရုပ်မြင်သံကြား ချန်နယ်များက ပြသခဲ့သည်။

ထိုသို့ ဖြစ်ပွားရခြင်း အကြောင်းရင်းအား စုံစမ်းနေဆဲ ဖြစ်ကြောင်းနှင့် အဆောက်အအုံ ကြံ့ခိုင်မှု အားနည်းခြင်းကြောင့် ဖြစ်နိုင်ကြောင်း အဆိုပါ အရာရှိက ပြောသည်။

အဆောက်အအုံ ပြိုကျမှုများသည် အိန္ဒိယနိုင်ငံတွင် မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အဓိကမှာ နိုင်ငံတစ်ဝန်း တန်ဖိုးနည်း အိမ်ရာ လိုအပ်ချက်ကြောင့် အရည်အသွေး မပြည့်မီသည့် ဆောက်လုပ်မှုများကြောင့် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.