Connect with us

Asia

အိုင်အက်စ် အန္တရာယ် ရုတ်တရက်ကြုံတွေ့နိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံသားများအား ဒူတာတီး သတိပေး

အိုင်အက်စ် အလံကို ကိုင်ဆောင်ထားသည့် အကြမ်းဖက်သမား တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

မနီလာ ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတီးသည် နိုင်ငံတွင်း၌ အိုင်အက်စ် အကြမ်းဖက်သမားများ၏ အန္တရာယ် ရုတ်တရက်ကြုံတွေ့ရနိုင်ကြောင်း သြဂုတ် ၁ဝ ရက်က သတိပေးပြောကြားလိုက်သည်။

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ အာရပ်ပုံစံ “ အသားဖြူ” သောလူများနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ လက်ခံရရှိပြီးနောက် ဒူတာတီးက အထက်ပါအတိုင်း သတိပေးစကား ပြောကြားလိုက်ခြင်းဖြစ်သည်။
“ လုပ်ငန်းတာဝန်တွေ လုပ်ဖို့သူတို့အဲဒီကိုရောက်နေကြတယ်။ သူတို့မှာ လက်နက်တွေတော့ မပါဘူး။ ဒါပေမယ့် အယူဝါဒဆိုင်ရာ သင်ကြားပို့ချမှုတွေ လုပ်တဲ့ အထဲမှာတော့ ပါနေကြတယ်” ဟု ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Zamboanga Del Sur ပြည်နယ် ရှိ စစ်သားများအား မိန့်ခွန်းပြောကြားစဉ် ဒူတာတီးက ပြောဆိုခဲ့သည်။
“ ရုတ်တရက်ပြဿနာဖြစ်လာမှာကို မြင်နေရတယ်။ နောက် ၃ နှစ်ကနေ ၇ နှစ်အတွင်းမှာ အိုင်အက်စ်ပြဿနာကြုံတွေ့ရမယ်လို့ကျွန်တော် ထင်တယ်” ဟု ၎င်းက ဆိုသည်။ မွတ်စလင်ညီနောင်များ၏အတွေးထဲတွင် အိုင်အက်စ်ရောဂါ အဆိပ်အတောက် မဝင်ရောက်လာခင် အစိုးရအနေဖြင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ကဆိုသည်။
“ လူတွေကို သတ်ဖြတ်နေတာဟာ သူတို့အတွေးထဲမှာ တစ်ခုခု မှားယွင်းနေလို့ပဲ။ သူတို့ဟာ အကြောင်းပြချက်မရှိဘဲ လူတွေကို အကြောင်းမဲ့ သတ်ဖြတ်နေကြတယ် ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
လူသတ်မှု နှင့် ပြန်ပေးဆွဲမှုများဖြင့် ကျော်ကြားနေသည့် ဖိလစ်ပိုင်နိုင်ငံရှိ အဘူဆာရက်ဖ် အကြမ်းဖက်အဖွဲ့သည် အိုင်အက်စ်အကြမ်းဖက်အဖွဲ့အား သစ္စာခံထားသော်လည်း ဖိလစ်ပိုင်နိုင်ငံတွင် အိုင်အက်စ်များရှိနေသည် ဆိုသည့် စွပ်စွဲချက်ကို ယခင် ဖိလစ်ပိုင်အစိုးရအဖွဲ့က ငြင်းဆိုထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.