Connect with us

Australia / Oceania

သြစတြေးလျ သိပ္ပံပညာရှင်များ လူသားတို့၏ ကျောက်ကပ်ကို fibroblast skin cell မှ ဖန်တီး

ပင်မ ဆဲလ် အသုံးပြု၍ သေးငယ်သော လူ့ကျောက်ကပ်ကို စမ်းသပ် ဖန်တီး ပုံ (ဓာတ်ပုံ-အင်တာနက်)

မဲလ်ဘုန်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

သြစတြေးလျ သိပ္ပံ ပညာရှင်များ သည် ပင်မ ဆဲလ်များကို အသုံးပြု၍ သေးငယ်သော လူ့ကျောက်ကပ် ကို ဖန်တီး နိုင်ခဲ့ကြောင်း သုတေသန အဖွဲ့ခေါင်းဆောင်က အောက်တိုဘာလ ၈ ရက်တွင် ပြောကြားခဲ့သည်။

မဲလ်ဘုန်း ရှိ မားဒေါ့ ကလေးများ သုတေသန အဖွဲ့အစည်းမှ ပင်မဆဲလ်အား ပြန်လည် စီစဉ်ပြီး ၎င်းတို့အား ဓာတ်ခွဲခန်း အတွင်း ဖန်တီးခဲ့သည့် ကျောက်ကပ် များနှင့် ယှဉ်လျှင် အဖွံ့ဖြိုးဆုံး လူသား ကျောက်ကပ် အဖြစ် ပြောင်းလဲ နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖန်တီးနိုင်မှုသည် လူနာများအတွက် ကိုယ်တွင်း အင်္ဂါများကို ဓါတ်ခွဲခန်း အတွင်း ဖန်တီးနိုင်မှု၏ ပထမ ခြေလှမ်း ဖြစ်လာကြောင်းသိရသည်။

သုတေသန ခေါင်းဆောင် ပရော်ဖက်ဆာ မဲလ်လီဆာ လစ်တဲလ်က ယခု အခု ဖန်တီးလိုက်သည့် ကျောက်ကပ် များသည် အရွယ် အစားအားဖြင့် တစ် စင်တီမီတာထက် သေးငယ်သော် လည်း သာမန် ကျောက်ကပ် ကဲ့သို့ စစ်ထုတ် နိုင်သည့် အစိတ်အပိုင်း ယူနစ်ပေါင်း ရာကျော် နှင့် သွေးကြောများ ပါဝင်ကြောင်း ပြောကြား ခဲ့သည်။

လစ်တဲလ် မှ ကျောက်ကပ် ဖန်တီးမှုတွင် ခက်ခဲရှုပ်ထွေးသည့် အဆင့်များစွာ ပါဝင်ကြောင်း၊ လတ်တလော ရည်မှန်းချက် အနေဖြင့် ထို နည်းလမ်းကို အသုံးပြု၍ ကျောက်ကပ်ပုံတူ ငယ်များ ဖန်တီးပြီး ဆေးဝါးများသည် ထိုပုံပွား ကျောက်ကပ်ကို အဆိပ် ဖြစ်စေခြင်း ရှိ၊ မရှိ စမ်းသပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။

၎င်းမှ မျိုးရိုး လိုက်သော ကျောက်ကပ် ဝေဒနာရှင် ၏ Fibroblast cell မှ ပင်မဆဲလ် ကို ထုတ်ယူကာ ကျောက်ကပ် အသေးတစ်ခု ကို ဖန်တီးပြီး ရောဂါဝေဒနာများ အတွက် စမ်းသပ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Fibroblast cell ဆိုသည် မှာ တွယ်ဆက် တစ်သျူး များထဲမှ ဆဲလ်ဖြစ်ပြီး Collagen နှင့် အခြား fibers များကို ထုတ်လုပ်ပေးကာ အနာကျက် စေရန် အဓိက ကူညီပေးသည်။ အဆိုပါ Fibroblast cells များကို သန္ဓေသားလောင်း၏ ပင်မဆဲလ် နှင့် တူညီသည့် ပင်မဆဲလ်အဖြစ် ပြန်လည် တည်ဆောက်ပြီး ဓာတုဗေဒ နည်းဖြင့် ကျောက်ကပ်ဆဲလ် များအဖြစ် ပြောင်းလဲမည် ဖြစ်ကြောင်း သိရသည်။

ပြန်လည် ဖန်တီးထားသည့် ကျောက်ကပ်သည် လူ့သန္ဓေ သားလောင်း၏ ကျောက်ကပ်အတိုင်း ဖွံံ့ဖြိုးလာမည် ဖြစ်ကြောင်းသိရသည်။ လစ်တဲလ်မှ ပုံတူပွားထားသည့် ကျောက်ကပ်ကို အရွယ်အစား ကြီးအောင် ဖန်တီးသွားပြီး နောက်ဆုံးတွင် ပုံမှန် ကျောက်ကပ် အရွယ်အစား အထိ ရောက်အောင် လုပ်ဆောင်သွားမည် ဟု ပြောကြားခဲ့သည်။

လစ်တဲလ်က လက်ရှိ အချိန်တွင် ရှုပ်ထွေးပြီး ကြီးမားသည့် သာမန် ကျောက်ကပ်ကို ရရှိရန် အတွက် သုတေသန အဖွဲ့အနေဖြင့် ပုံပွား ကျောက်ကပ်၏ ကြီးထွားမှုကို ထိန်းညှှိ နေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.