Connect with us

Australia / Oceania

မာလီ နိုင်ငံတွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်မှုတွင် တရုတ် နိုင်ငံ ခရီးသွား ဧည့်သည် အများစု ချုပ်နှောင် ခံခဲ့ရ

မာလီနိုင်ငံ၏ မြို့တော် ဘာမာကိုမြို့၌ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များ နေရာယူထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘာမာကို(Bamako) ၊ နိုဝင်ဘာ ၂၀ ရက်(ဆင်ဟွာ)

မာလီနိုင်ငံ၏ မြို့တော် ဘာမာကို မြို့ ဟိုတယ် တစ်ခု၌ နိုဝင်ဘာလ ၂၀ ရက်တွင် အနုကြမ်းစီးမှု ဖြစ်ပွား ခဲ့ပြီး ထိုအကြမ်းဖက်မှုတွင် တရုတ် နိုင်ငံမှ ခရီးသွား ဧည့်သည် အများစု အချုပ်အနှောင် ခံခဲ့ရကြောင်း သိရှိခဲ့ရသည်။

မာလီနိုင်ငံ မြိုတော် ဘာမာကိုရှိ မြို့လယ်ရှိ Radisson Blu Hotel တွင် နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်၌ သေနတ် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးခံရသူများတွင် တရုတ် နိုင်ငံမှ ခရီးသွား ဧည့်သည် အများစု ပါဝင်ကြောင်း သိရှိ ခဲ့ရသည်။

ထိုသေနတ် ပစ်ခတ်မှုသည် ဒေသ စံတော်ချိန် မနက် ၆ နာရီ ပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး သေနတ် ပစ်ခတ်သူမှာ ဟိုတယ် အတွင်းသို့ ဝင်ရောက်ပြီး အကြမ်းဖက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117