Connect with us

Australia / Oceania

ကမ္ဘာပေါ်တွင် အရှည်ဆုံးသော မီးတောင် ကွင်းဆက်တစ်ခုကို သြစတေးလျ နိုင်ငံ အရှေ့ဖက် ကမ်းရိုးတန်း တွင် ရှာဖွေ တွေ့ရှိ

သြစတေးလျနိုင်ငံ အရှေ့ဖက် ကမ်းရိုးတန်းရှိ မီးတောင်များပြ မြေပုံ (ဓာတ်ပုံ- Google Map)

မဲလ်ဘုန်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

သြစတေးလျ သုတေသန ပညာရှင်များသည် ကမ္ဘာပေါ်တွင် အရှည်ဆုံးသော မီးတောင် ကွင်းဆက်တစ်ခုကို သြစတေးလျနိုင်ငံ၏ အရှေ့ဘက်ရှိ ကမ်းရိုးတန်း တစ်လျောက်တွင် တွေ့ရှိခဲ့သည်။

ထိုမီးတောင် ကွင်းဆက်သည် မီးတောင်သေများဖြင့် ဖွဲ့စည်းထားပြီး မြောက်ပိုင်း ဗစ်တိုးရီးယားမှ တောင်ပိုင်း ကွင်းစလန် အထိ ၂,၀၀၀ ကီလိုမီတာကျော် ရှည်လျားကြောင်း Nature ဂျာနယ်တွင် ပါရှိသည့် သတင်း တစ်ပုဒ်အရ သိရှိရပါသည်။

အဆိုပါ မီးတောင် ကွင်းဆက်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၃ သန်း ကတည်းက တည်ရှိခဲ့ခြင်း ဖြစ်ကြောင်း သြစတေးလျ အမျိုးသား တက္ကသိုလ်မှ ဒေါက်တာ ရိုဒရီ ဒေးဗီးစ် က ပြောကြာခဲ့သည်။

သြစတေးလျ နိုင်ငံအရှေ့ဖက် ကမ်းရိုးတန်း တစ်လျောက်တွင် မီးတောင် ကွင်းဆက် သုံးခုရှိပြီး ယခု အသစ် ရှာဖွေ တွေ့ရှိခဲ့သော မီးတောင် ကွင်းဆက်မှာ အနောက်ဖက် အကျဆုံး ဖြစ်သည်။

သြစတေးလျ တိုက်သည် ကမ္ဘာပေါ်တွင် အမြန်ဆုံး ရွေ့လျားနေသော တိုက်တစ်တိုက် ဖြစ်ပြီး အထူးသဖြင့် အင်ဒိုနီးရှား နိုင်ငံဆီသို့ ဦးတည်၍ တစ်နှစ်ကို ၇ စင်တီမီတာ နှုန်းဖြင့် ရွေ့လျား နေသည်ဟု ဒေးဗီးစ်မှ ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117