Connect with us

Australia / Oceania

ဆန့်ကျင်ကန့်ကွက်မှုများကြားမှ TPP သဘောတူညီမှုအား ခေါင်းဆောင်များ လက်မှတ် ရေးထိုးနိုင်ခဲ့

TPP အဖွဲ့ဝင်နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးများအား ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၅ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

အက်ခ်လန်၊ နယူးဇီလန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

အဖွဲ့ဝင် ၁၂ နိုင်ငံပါဝင်သော ပစိဖိတ်ဖြတ်ကျော် မိတ်ဖက် ကုန်သွယ်ရေး (TPP) သဘောတူညီမှုအား ထောင်ပေါင်းများစွာသော ဆန့်ကျင် ကန့်ကွက်သူများရှိနေသည့်ကြားမှ နယူးဇီလန်နိုင်ငံ အော့ကလန်မြို့၌ ဖေဖော်ဝါရီလ ၄ ရက်က လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်မှာ အရေးပါဆုံး သဘောတူညီမှု တစ်ခု ဖြစ်ကြောင်း နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီးက လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားလိုက်ပြီး ယင်းသဘောတူညီချက်အား ဖြစ်နိုင်သမျှ မြန်မြန် အသက်ဝင်စေရန် ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်များအား တိုက်တွန်းလိုက်သည်။

TPP (Trans-Pacific partnership) သည် ဒေသတလျှောက် စီးပွားရေး လုပ်ကိုင်ရာတွင် လွယ်ကူစေရန်နှင့် လွတ်လပ်စွာ ကုန်သွယ်နိုင်စေမည် ဖြစ်ပြီး ကုန်သွယ်မှု အခွင့်အလမ်းသစ်များ၊ ပို့ကုန်တင်ပို့ရာ နိုင်ငံများပြားလာ ခြင်းနှင့် ပင်လယ်ရပ်ခြားနိုင်ငံများ တွင် စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရာတွင် အကူအညီဖြစ်စေမည် ဖြစ်သည်။ ယင်းသဘောတူညီချက်သည် နယူး ဇီလန် အပါအဝင် အခြားနိုင်ငံများအတွက် အကောင်းဆုံး အကျိုးစီးပွားကို လွှမ်းခြုံနိုင်မည်ဟု ဆိုသည်။

ယခုလို နိုင်ငံများ ပူးပေါင်းဆောင်ရွကမှုသည် ကမ္ဘာ့ ဂျီဒီပီ၏ သုံးပုံ တစ်ပုံရှိပြီး ပြည်သူ သန်း ၈၀၀ ၏ ဈေးကွက် တစ်ခုကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။

အဆောက်အအုံအတွင်း အစည်းအဝေး TPP ခေါင်းဆောင်များ အစည်းအဝေး ကျင်းပနေသလို အဆောက်အအုံ ပြင်ပတွင်လည်း ဆန့်ကျင်သူ ထောင်ပေါင်းများစွာကလည်း TPP သဘောတူညီမှုအား ကန့်ကွက် ဆန္ဒပြလျက်ရှိ ကြောင်း သိရသည်။

TPP သဘောတူညီမှုသည် အစိုးရ၏ အာဏာ နှင့် နိုင်ငံပိုင် အချုပ်အခြာအာဏာအား ဝင်ရောက် စွက်ဖက်မှုများ ရှိနေကြောင်း ဆန္ဒပြသူများက ပြောဆိုထားသည်။

TPP နိုင်ငံများတွင် သြစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူ၊ အမေရိကန်နှင့် ဗီယက်နမ် စသည့်နိုင်ငံများ ပါဝင်ပြီး ယနေ့ လက်မှတ်ရေးထိုးလိုက်သော သဘော တူညီချက်မှာ လာမည့်နှစ်နှစ်အတွင်း အသက်ဝင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.