Connect with us

Australia / Oceania

ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ပစိဖိတ်ခရီးသွားကိုးဦး နယူးဇီလန်သို့ ပြန်ရောက်

ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် ကလေးငယ် တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ဝယ်လ်လင်တန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ပစိဖိတ်ဒေသမှ နယူးဇီလန်နိုင်ငံ သို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားကိုးဦး သည် ခြင်မှ တစ်ဆင့် ကူးစက်တတ်သည့် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ၎င်းတို့အနက် အမျိုးသားတစ်ဦး မှာ ဆေးရုံ တင်ထားရကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ကဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

၎င်းတို့ ကိုးဦးစလုံး သည် တောင်ပစိဖိတ်ဒေသ မှ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း လေးဦးမှာ တွန်ဂါ မှဖြစ်ပြီး နောက်လေးဦး မှာ ဆာမိုအာ မှဖြစ်ကာ ကျန်တစ်ဦးကို မူ သိရှိခြင်း မရှိသေးကြောင်း ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ခရီးသွား ရှစ်ဦးသည် အခြေအနေ ပြန်လည်ကောင်းမွန်လာသော်လည်း ကျန် ၄၇နှစ် အရွယ် အမျိုးသား ကိုမူ Hamilton မြို့ရှိ ဆေးရုံတစ်ခုတွင် တင်ထားရကြောင်း နှင့် ၎င်း၌ ကိုယ်လက်အင်္ဂါများ အကြောသေ သွားစေနိုင် သည့် Guillain-Barre လက္ခဏာများ တွေ့ရှိရပြီး ယခုလက်ရှိတွင် အခြေအနေ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေး အကြီးအကဲ အရာရှိ Dr. Don Mackie က ဝင်ရောက်လာသည့် ခရီးသွားများအား လိုအပ်သည့် အကြံပြုချက်များ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန သည် ၎င်း၏ ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များအား အဆင့်မြှင့်တင်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် နယ်စပ်တစ်လျှောက်တွင် ရောဂါပိုးသယ်ဆောင်လာသည့် ခြင် စောင့်ကြည့်ရေး လုပ်ငန်းများကို လုပ်ဆောင်ထားကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.