Connect with us

Eastern Europe

ရုရှားနိုင်ငံက စစ်ဖက်သုံး လေဆိပ် ငါး ခုကို အဆင့်မြှင့်တင်မည်

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်အားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံက နိုင်ငံ၏ အရှေ့တောင်ပိုင်း နှင့် အရှေ့ဖက် စွန်းစွန်းရှိ ဒေသများတွင် လာမည့် ၃ နှစ်အတွင်း စစ်ဖက်သုံး လေဆိပ် ၅ ခုကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံလေကြောင်းတပ်ဖွဲ့တပ်မှူး Viktor Bondarev က ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြောကြားလိုက်သည်။

ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းငယ်များ ပိုင်ဆိုင်မှုအတွက် ရုရှားနိုင်ငံ နှင့် ဂျပန်နိုင်ငံတို့အကြား အငြင်းပွားမှုအသစ်ဖြစ်ပေါ်နေခြင်း နှင့် မြောက်အတ္တလန္တိတ်မဟာမိတ်အဖွဲ့(နေတိုး)က ရုရှားနိုင်ငံ နယ်စပ် အနီးတွင် စစ်အင်အားတိုးချဲ့နေခြင်း ကာလအတွင်းမှာပင် ရုရှားနိုင်ငံက ယခုကဲ့သို့စစ်ဖက်သုံးလေဆိပ်ကို အဆင့်မြှင့်တင်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်။

“ ဒီနှစ်မှာ လေ့လာတိုင်းတာမှုတွေ လုပ်ဖို့စီစဉ်ထားပါတယ်။ လာမယ့်နှစ်မှာတော့ Amur ဒေသမှာရှိတဲ့ ယူကရိန်းလေယာဉ်ကွင်းကို ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်သွားမှာပါ” ဟု Bondarev ၏ ပြောကြားချက်ကို ကိုးကား၍ RIA Novosti သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ထို့ပြင် Ossetia မြောက်ပိုင်း Mozdok ရှိ Zabaikalsky လေယာဉ်ကွင်း ၊ Voronezh ရှိ Baltimor လေယာဉ်ကွင်းများကို ပြင်ဆင်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံလေကြောင်းတပ်ဖွဲ့တပ်မှူးက ဆိုသည်။ Saratov အနီးရှိ လေတပ်အခြေစိုက်စခန်းကိုလည်း အဆင့်မြှင့်တင်မှုများပြုလုပ်နေသည်မှာ ဒုတိယအဆင့်ထိ ပြီးစီးသွားပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါ လေဆိပ်အားလုံး၏ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ လာမည့် ၂ဝ၁၉ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.