Connect with us

Eastern Europe

ရုရှားက စစ်ရေးစွမ်းရည်တိုးတက်အောင်ဆောင်ရွက်ရင်း နျူလက်နက်ဖျက်သိမ်းရေးကို တွန်းအားပေးမည်ဟု ဆို

ရုရှားနိုင်ငံထုတ် Su-34 (ဝဲ) နှင့် Su-35 (ယာ) ဂျက်တိုက်လေယာဉ်များ ပျံသန်းလေ့ကျင့်စဉ်(ဆင်ဟွာ)

မော်စကို ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က နျူကလီးယားလက်နက်ဖျက်သိမ်းရေးအား တွန်းအားပေးမှု အဆက်မပြတ်လုပ်ဆောင်နေစဉ်အတွင်းမှာပင် နိုင်ငံ၏ စစ်ရေးစွမ်းဆောင်ရည်ကို တိုးတက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ကြည်းတပ်နဲ့ရေတပ်ဟာ အသင့်အနေအထားနဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်မှာရှိနေသလို ကျွန်တော်တို့ရဲ့ ကာကွယ်ရေး စွမ်းပကားကိုမြင့်မားအောင်လုပ်ဖို့လည်း ရည်မှန်းထားတယ်။ အခြားဘယ်နိုင်ငံမှာမှ မရှိသေးတဲ့ ခေတ်မီလက်နက်တွေ ၊ အသံထက် အဆပေါင်းများစွာ လျင်မြန်တဲ့ (hypersonic) တိုက်ပွဲဝင် သတိပေးစနစ် နဲ့ လေဆာစနစ် တွေကို တွန်းအားပေးသွားမယ်” ဟု အဆင့်မြင့် အရာရှိကြီးများနှင့် ဉပဒေစိုးမိုးရေးဆိုင်ရာ အရာရှိကြီးများနှင့် ပြုလုပ်သော အစည်းအဝေးတွင် သမ္မတပူတင်က ဆိုသည်။

“ ဒါဟာ ဘယ်သူ့ကိုမှ ခြိမ်းခြောက်ဖို့အတွက် အကြောင်းပြချက်တစ်ခုမဟုတ်ပါဘူး။ ဆန့်ကျင်ဖက်အနေနဲ့ ကျွန်တော်တို့မှာရှိတဲ့ နောက်ဆုံးပေါ်ခေတ်မီ စစ်လက်နက်တွေ ၊ လုံခြုံရေးကို အာမခံနိုင်တဲ့ အစီအစဉ်တွေ ၊ မြေပြင်မှာ ကျွန်တော်တို့ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှုတွေကို  တုံ့ပြန်နိုင်တဲ့ စွမ်းအားတွေနဲ့ နျူလက်နက်ဖျက်သိမ်းရေးအစီအစဉ်ကို ရှေ့ဆက်တွန်းအားပေးရင်း ကျွန်တော်တို့ အရာရာတိုင်းကို လုပ်သွားဖို့ အသင့်ရှိပါတယ် ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်ဟု အရာရှိတစ်ဉီး၏ ရေးသားဖော်ပြချက်ကို ကိုးကား၍ သတင်းက ဆိုသည်။

ရုရှားနိုင်ငံအနေဖြင့် နိုင်ငံကို ချိနဲ့စေမည့် ငွေကုန်ကြေးကျအလွန် မြင့်မားသည့် စစ်လက်နက်ပြိုင်ဆိုင်ထုတ်လုပ်မှု ပြိုင်ပွဲထဲသို့ဝင်ရောက်ရန် ဆန္ဒမရှိကြောင်း နှင့် ဆွဲသွင်းသွားမည်မဟုတ်ကြောင်း ၊ သို့သော် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးတင်မာနေချိန်တွင် ခေတ်မီစစ်လက်နက်ထုတ်လုပ်မှုမှာ မဖြစ်မနေ လိုအပ်ကြောင်း သမ္မတ ပူတင်ကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.