Connect with us

Europe

ဆင်ဟွာနှင့် အီတလီ ANSA သတင်း အေဂျင်စီတို့ ပူးပေါင်းမည်

ဆင်ဟွာ သတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုက်မင်းကျိုနှင့် ANSA သတင်းအေဂျင်စီ အမှုဆောင်အရာရှိချုပ် Giuseppe Cerbone တို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရောမ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အီတလီနိုင်ငံတွင် အကြီးဆုံး သတင်းမီဒီယာများ ဖြစ်သော ဆင်ဟွာ သတင်းအေဂျင်စီမှ ဥက္ကဋ္ဌ ချိုက်မင်းကျိုနှင့် ANSA သတင်းအေဂျင်စီမှ အမှုဆောင်အရာရှိချုပ် Giuseppe Cerbone တို့သည် ဧပြီလ ၂၄ ရက်က တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံစဉ်အတွင်း တရုတ်နှင့် အီတလီတို့မှ ပြည်သူများတွင် ချစ်ကြည်ရေး သမိုင်းကြောင်း ရှိခဲ့ကြောင်းနှင့် လတ်တလော နှစ်များအတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းအတွက် ကျေးဇူးတင်ကြောင်း ချိုက်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းတွင် မေလ၌ ပြုလုပ်မည့် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း အဆင့်မြင့် ဖိုရမ်သို့ အီတလီနိုင်ငံ ဝန်ကြီးချုပ် Paolo Gentiloni တက်ရောက်မည်ဟု မျှော်မှန်းထားကြောင်း တရုတ်-အီတလီ ဆက်ဆံရေး အဆင့်မြင့် ကဏ္ဍတစ်ခု ပြသရာရောက်ကြောင်း၊ တရုတ်နှင့် အီတလီနိုင်ငံတွင် အရေးပါဆုံး သတင်းအေဂျင်စီများ ဖြစ်သော ဆင်ဟွာနှင့် ANSA တို့သည် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ကြောင်း ချိုက်က ပြောသည်။

ကာလရှည် မိတ်ဖက် ဆက်ဆံမှုအား အခြေခံပာ ဓာတ်ပုံများနှင့် ဗီဒီယိုများကဲ့သို့ သတင်း မီဒီယာ ကဏ္ဍတွင် ဆင်ဟွာနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ANSA က အသင့်ရှိကြောင်း ANSA သတင်းအေဂျင်စီ အမှုဆောင်အရာရှိချုပ် Giuseppe Cerbone က ပြောကြားခဲ့သည်။

ချိုက်သည် အီတလီသို့ ရောက်ရှိနေစဉ်အတွင်း Adnkronos သတင်းမီဒီယာ ဥက္ကဋ္ဌ Giuseppe Marra နှင့်လည်းကောင်း၊ Class Editori မီဒီယာ အုပ်စု အမှုဆောင်အရာရှိချုပ် Paolo Panerai နှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.