Connect with us

Europe

အေစီမီလန် အသင်းနည်းပြ အဖြစ် မွန်တဲလ်လာအား ခန့်အပ်

အေစီမီလန် နည်းပြသစ် ဗင်ဆင့်ဇို မွန်တဲလာအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရောမ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

စီရီးအေ ထိပ်တန်း အသင်းဖြစ်သော အေစီမီလန် ဘောလုံးအသင်း နည်းပြအဖြစ် ဗင်ဆင့်ဇို မွန်တဲလာ (Vincenzo Montekka) အား နှစ်နှစ် စာချုပ်ဖြင့် ခန့်အပ်လိုက်ကြောင်း ကလပ်အသင်းက ဇွန်လ ၂၈ ရက်က ကြေညာလိုက်သည်။

မွန်တဲလာသည် အီတလီ ဘောလုံးကလပ် Sampdoria မှ ထွက်ကာ အေစီမီလန်ရှိ နည်းပြ Cristian Brocchi နေရာ၌ အစားထိုး ဝင်ရောက်မည် ဖြစ်သည်။
အေစီမီလန်သည် အသက် ၄၂ နှစ်အရွယ် နည်းပြ မွန်တဲလာကိုရရန် Sampdoria ကလပ်အား ယူရို ၁ သန်း ခန့် ပေးခဲ့ရနိုင်ခြေ ရှိကြောင်း၊ အေစီမီလန် အသင်းအား ဝယ်ယူရန် စိတ်ဝင်စားနေသည့် တရုတ် ရင်းနှီးမြှုပ်နှံသူ များကြောင်း ကလပ် ပိုင်ရှင် အပြောင်းအလဲ ဖြစ်နိုင်ကြောင်း သတင်း၌ ဖော်ပြထားသည်။
ထို့ပြင် အေစီမီလန်၏ ပြိုင်ဘက် အင်တာမီလန် ကလပ်ကို တရုတ် လက်လီလုပ်ငန်း အုပ်စု Suning Group က ရှယ်ယာ ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.