Connect with us

Europe

ဘရပ်ဆဲလ် လေဆိပ်တွင် ခရီးသည်တင် လေယာဉ် ပြေးဆွဲမှုများအား မတ်လ ၂၇ ရက်အထိ ရပ်ဆိုင်းထားမည်

ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့် ဘရပ်ဆဲလ်လေဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဘရပ်ဆဲလ်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ဘရပ်ဆဲလ် လေဆိပ်က မတ်လ ၂၂ ရက်နေ့တွင် လေဆိပ်၏ ပြည်ပ ထွက်ခွာခန်းမ၌ အသေခံ ဗုံးခွဲမှုများ ဖြစ်ပွား ပြီးနောက် ၎င်း၏ ခရီးသည်တင် လေယာဉ် ပြေးဆွဲမှုများကို မတ်လ ၂၇ ရက်အထိ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း မတ်လ ၂၄ ရက်တွင် ကြေညာ ခဲ့သည်။

ဘရပ်ဆဲလ် လေဆိပ်သို့ ခရီးသည်တင ်လေယာဉ်အဝင်၊ အထွက်များအား မတ်လ ၂၇ ရက် အထိ ရပ်ဆိုင်း ထားမည် ဖြစ်ကြောင်း လေဆိပ်၏ တွစ်တာ စာမျက်နှာ၌ ရေးသား ထားသည်။

လေဆိပ်က ၎င်း၏ ဝက်ဘ်ဆိုက်တွင် “ မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို ဆောင်ရွက်နေဆဲဖြစ်တဲ့အတွက် လေဆိပ် အဆောက်အအုံထဲ ဝင်ရောက်ခြင်းကို လောလောဆယ် ခွင့်ပြုမထားပါဘူး။ ထိခိုက် ပျက်စီးမှုများကို မခန့်မှန်း နိုင်သေးသရွေ့ လေဆိပ်လုပ်ငန်းများကို ပြန်လည ်လုပ်ဆောင်တဲ့အခါ လုံခြုံစိတ်ချမှု ရှိနိုင်မည် မဟုတ်” ဟု ရေးသား ဖော်ပြထားသည်။

ဘရပ်ဆဲလ် လေဆိပ်၏ ပြည်ပ ထွက်ခွာ ခန်းမတွင် မတ်လ ၂၂ ရက်က အသေခံ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် ဥရောပသမဂ္ဂ အဆောက်အအုံ နှင့် ကပ်လျက် မြေအောက်ရထား ဘူတာရုံတွင်လည်း ဗုံးပေါက်ကွဲခဲ့ကာ ဗုံးပေါက်ကွဲမှုများကြောင့် အနည်းဆုံးလူ ၃၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.